Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်ရှိ ဆေးရုံ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၍ လူနာနှင့်လူနာစောင့် ၅ဦးသေဆုံး

နိုင်ငံတဝန်း၂ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ဦးသေဆုံးပြီး ၄၇ဦးထက်မနည်း ဒဏ်ရာရ

ဇူလိုင်၂၉ရက် ညနက်ပိုင်းတွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်ကွင်း။။ဓာတ်ပုံ-MDY PDF

ဇူလိုင်-၃၀၊၂၀၂၅။လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင်အမျ်ိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားသည့် ကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနာနှင့်လူနာစောင့်အပါအဝင် ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

” ကျမတို့ ကိုယ့်အားကိုယ်ကိုးပြီးဖွင့်ထားတဲ့ ဆေးရုံပါ။ ဆေးရုံတည့်တည့်ကို ဗုံးနှစ်လုံးကြဲသွားတာပါ”ဟုကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ဇူလိုင် ၂၉ရက်ည ၁၁နာရီခန့်က ဗုံးကြဲသွားခြင်းဖြစ်ပြီး ကနဦးရရှိထားသည့်သတင်းများအရ လူနာစောင့်တစ်ဦးနှင့် လူနာလေးဦးသေဆုံးပြီး တစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယမန်နေ့ ဇူလိုင်၂၉ရက် နံနက်ပိုင်းကလည်း တအာင်းတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားလေးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင်ဇူလိုင်၂၉ရက်ညနက်ပိုင်းတွင်စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေး ရွာရှိရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အားလေကြောင်းမှ‌ ဗုံးကြဲရာ ရဲစခန်းအချုပ်ခန်းမှပြစ်ဒဏ်ကျ အကျဉ်းသားများအပါအဝင် စစ်ဆေးနေဆဲ သံသယတရားခံ အမျိုးသား၂၁ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးပြီး၃၀ဦးခန့်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကိုလည်း ယနေ့(ဇူလိုင် ၃၀ရက်) နံနက် အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ခြောက်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း သေဆုံးသူအရပ်သား ၃၈ဦးနှင့် ဒဏ်ရာရသူ ၄၇ဦးထက်မနည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေထံ မူးယစ်ဆေးသွားရောင်းမယ့် အမျိုးသား ၂ ဦးကို ဆေးပြားတွေနဲ့အတူ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စစ်ဆင်ရေးနယ်မြေ ၂ မှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံ ဆောက်လုပ်ဖို့ သူပုန်မိန်းမ ကမ်ပိန်းပြုလုပ်သွားမယ်လို့ ဒီနေ့ (မတ်၂၀) အသိပေးထားပါတယ်။