Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်ရှိ ခမရ (၅၉၀)တပ်ရင်းရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိစစ်ကောင်စီ၏ အမှတ် ၅၉၀ ​ခြေလျင်တပ်ရင်း( ခလရ ၅၉၀)၏ ရှေ့တန်းစစ်ကြောင်းရုံးစိုက်ရာစခန်းအား တော်လှန် ရေးပူးပေါင်းအဖွဲ့များနှင့်အတူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်တောင်းမြစ်ဝှမ်းစစ်ဆင် ရေး၊ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)-P23702ကဇူလိုင် ၃၀ ရက်တွင်ထုတ်ပြန်သည်။

စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် ပဲခူးခရိုင်တပ်ရင်း(၂)-P23702မှ ရဲ​ဘော်အချို့ ။ ။ဓါတ်ပုံ-P23702

ဇူလိုင်-၃၀၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိစစ်ကောင်စီ၏ အမှတ် ၅၉၀ ​ခြေလျင်တပ်ရင်း( ခလရ ၅၉၀)၏ ရှေ့တန်းစစ်ကြောင်းရုံးစိုက်ရာစခန်းအား တော်လှန် ရေးပူးပေါင်းအဖွဲ့များနှင့်အတူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်တောင်းမြစ်ဝှမ်းစစ်ဆင် ရေး၊ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)-P23702ကဇူလိုင် ၃၀ ရက်တွင်ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်၊ရင်းတိုက်ကုန်းကျေးရွာအခြေစိုက် ခလရ(၅၉၀)တပ်ရင်း၏ ရှေ့တန်းစခန်းကို ဇူလိုင် ၂၄ ရက်နေ့ည ၁၁ နာရီခွဲခန့်တွင် ပဲခူးခရိုင်တပ်ရင်း(၂)-P23702 ၊ ရိုးမ (၂)အထူးကွန်မန်ဒိုတပ်ရင်းနှင့် KNLA တပ် ရင်း(၉)၊ ဗျူဟာ (၂၅) ဗျူဟာဒရုန်းတပ်ဖွဲ့ (TWO FIVE DRONE FORCE)နှင့် KNLA တပ်ရင်း(၉)ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ ရှေ့တန်းစခန်းအား နောက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များမှ အလုံးစုံထိမ်းချုပ်နိုင်ခဲ့ပြီး ရန်သူ့ဘက်မှ သေဆုံးသူမျက်မြင်လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးထက်မနည်းရှိကြောင်းပဲခူးခရိုင်အမှတ် (၂)တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ရန်သူ့အင်အားက ၅၀ နဲ့ ၆၀ ကြားရှိတာဗျ။ စခန်းကိုချက်ချင်းမစွန့်ဘူး။၂၄ ရက်နေ့ည ၁၁ နာရီ ၂၆ ကနေစတိုက်တာ၂၅ ရက်နေ့မနက်၆နာရီ၁၅(မိနစ်)လောက်မှ ရွာကိုအပြီးသတ်ရတာဗျ” ဟု ပဲခူးခရိုင် အမှတ် (၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ ၈၁မမ( ၁)လက်၊၆၀ မမ(၁)လက်၊ ၆၀ကွန်မန်ဒို (၁)လက်၊ RPG (၁)လက်၊ MA11 (၆)လက်၊ MA3 (၁)လက်ဖြင့် စုစုပေါင်းလက်နက် (၁၁) လက်နှင့် ဆက်သွယ်ရေးစက် (၁)လုံး၊ ဂျန်မာ (၂)လုံး ၊ မီးစက်(၂ )လုံး ၊၈၁ သီး (၃)လုံး၊ ၆၀ သီး (၁၄)လုံး၊ RPG သီး (၂) လုံး၊ ခမောက် (၆) လုံး၊ ၁၈ မိုင်း (၁၀)လုံး ၁၄ မိုင်း (၂၀)လုံး၊ ကျည်မျိုးစုံ(၄၀၀၀)နှင့် အခြား စစ်အသုံးအဆောင်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

“ရွာကနေဆုတ်ပြီး ချက်ချင်း စစ်ကူနဲ့ ရွာကိုပြန်တိုးတယ်ဗျ။ သူတို့တိုးလို့မရဘူးဗျ။အလောင်းတွေပြန်ဆွဲပြီး ဆုတ်သွားတယ်”ဟု ရှေ့တန်းစခန်းသိမ်းပိုက်ရရှိမှုအပြီး စစ်ကောင်စီတပ်လှုပ်ရှားမှုကို ပဲခူးခရိုင်အမှတ်(၂)တပ်ရင်းမှတာဝန်ရှိသူက ပြောသည်။

အထက်ပါတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းပဲခူးခရိုင်အမှတ်(၂)တပ်ရင်းကထုတ်​ပြန်သည်။

ပဲခူးခရိုင် အမှတ် (၂)တပ်ရင်း-P23702 အနေဖြင့် ကျဆုံးသွားသော ရဲဘော်ရဲဘက်များအားတိုင်တည်၍ လူထုတော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားပြီး ယခုကဲ့သို့ အောင်ပွဲများရရှိအောင် စွမ်းဆောင်နိုင်ခြင်းမှာ ပြည်သူလူထု၏ အားပေးထောက်ခံမှုကြောင့်ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့်လည်းစစ်တပ်၏လေကြောင်း နှင့်လက်နက်ကြီးအန္တရာယ်များကို သတိပြုနေထိုင်စေလိုကြောင်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။