Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာအနီးရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွာအထွက်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ကဇူလိုင်၃၀ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

ဒူရကစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့/ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိတဲ့ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့။ ဓာတ်ပုံ - DNLA

ဇူလိုင်-၃၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနသ်ာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာအနီးရောက်ရှိလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွာအထွက်နားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ကဇူလိုင်၃၀ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မနက် ၇ နာရီခွဲလောက်ကပန်းတင်အင်းရွာထိပ်သို့ အင်အား ၃၀၀ ခန့်နဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို DNLA တပ်ဖွဲ့မှ ဒူရကစစ်ကြောင်း၊ DEF ၊ Tavoy People Liberation Force(TPLF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ (၆)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

အဲဒီပန်းတင်အင်းရွာတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှု ၁၀ နာရီခန့်ကြာမြင့်ပြီး စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA)က အသိပေးပါတယ်။ တိုက် ပွဲအခြေအနေအပြည့်အစုံသိရဖို့ DNLA နဲ့ ဒူရကစစ်ကြောင်းတွေထံ People’s Spring က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒူရကစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်အချို့/ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိတဲ့ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းအချို့။ ဓာတ်ပုံ – DNLA

တိုက်ပွဲမှတ်တမ်းရုပ်သံအရ ပန်းတင်အင်းရွာထဲကို တော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်အကာ အကွယ်ယူချိန်မှာ လမ်းမှာတွေ့တဲ့ ပြည်သူအချို့ကို တိုက်ပွဲဖြစ်နေတာကြောင့် ဘေးလွတ်ရာ ခေတ္တရှောင်တိမ်းနေကြဖို့ ရဲဘော်တွေက သတိ ပေးပြောကြားနေတာကို တွေ့မြင်ရပါတယ်။

ပန်းတင်အင်းရွာတိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက”မနေ့(ဇူလိုင် ၃၀)ကတော့ အိမ်တစ်ဆောင် မီးထပ်ရှို့သွားတယ်ဗျ။ အားလုံးပေါင်း အိမ်၂၀ နီးပါးမီးလောင်းသွားတယ်လို့ သိရတယ်”လို့ People’s Spring ကို ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးချိန်မှာ စစ်တပ်စစ်ကြောင်းဟာ ပန်းတင်အင်းရွာမှနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးပြီး ထားဝယ်ရေနက်ဆိပ်ကမ်းဘက် ဆက်ထွက်သွားခဲ့ပေမယ့် ရွာဘက်ကိုပြန်လှည့်လာတာကြောင့် ဒေသခံပြည်သူတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပန်းတင်အင်းရွာနားမှာ အထိနာသွားတဲ့ အင် အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို တပ်ကူပေးဖို့ နောက် ကနေလိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေကတော့ အခုလက်ရှိမှာ မောင်းမကန်အနီးတဝိုက် (၃)ထပ်လမ်းပိုင်းမှာ ကင်းပုန်းဝပ်နေကြတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

Facebook