Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သုံးလကြေညာပြန်

စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ်တာဝန်ယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့မြို့နယ်​တွေနဲ့ တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့ မြို့နယ်​တွေထဲက ၆၃ မြို့နယ်မှာစစ်အုပ်ချုပ်ရေးအမိန့် သုံးလကြေညာပြန်ပါတယ်။

​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့ မြို့​တွေ

ဇူလိုင်-၃၁ရက်။၂၀၂၅၊​နေ့သစ်/People’s Spring

စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ်တာဝန်ယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့မြို့နယ်​တွေနဲ့ တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့ မြို့နယ်​တွေထဲက ၆၃ မြို့နယ်မှာစစ်အုပ်ချုပ်ရေးအမိန့် သုံးလကြေညာပြန်ပါတယ်။

စစ်ကောင်စီက​နေ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် (နလအ)ဆိုတဲ့အမည်နဲ့ ဒီနေ့မှပြောင်းလိုက်ပြီး ယာယီသမ္မတ လို့ ကိုယ်တိုင်ရာထူး ယူထားတဲ့အာဏာသိမ်း​ခေါင်း​ဆောင်က ၆၃မြို့နယ်ကို စစ်အုပ်ချုပ်​ရေး​ကြေညာရာမှာလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုချုပ်ငြိမ်းစေရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်က ၅ မြို့နယ် ၊ကယားပြည်နယ် က ၃ မြို့နယ် ၊ကရင်ပြည်နယ်က ၂ မြို့နယ် ၊ချင်းပြည်နယ်က ၇ မြို့နယ် ၊စစ်ကိုင်းတိုင်းက ၉ မြို့နယ် ၊မ​ကွေးတိုင်းက ၅ မြို့နယ် ၊မန္တ​လေးတိုင်းက ၃ မြို့နယ် ၊ရခိုင်ပြည်နယ်က ၁၄ မြို့နယ် ၊ ရှမ်းပြည်နယ်က ၁၅ မြို့နယ် တို့ကို စစ်အုပ်ချုပ်​ရေး​ကြေညာတယ်လို့ စစ်​ကောင်စီက​ကြေညာတာပါ။ဒီစာရင်းမှာတိုက်ပွဲ​တွေပြင်းထန်​နေပြီး​တော်လှန်​ရေးတပ်​တွေက ​ဒေသအများစုစိုးမိုးထားတဲ့ဗန်း​မော်မြို့နယ် ၊မတ္တရာ မြို့နယ်၊ဖားပွန်မြို့နယ်၊ဒီး​မော့ဆိုမြို့နယ်စတဲ့​ဒေသ​တွေမပါဝင်ပါဘူး။

Public Service Announcement

Public Service Announcement

အလားတူတိုက်ပွဲ​တွေ ပြင်းထန်​နေတဲ့​ကျောက်ဖြူမြို့နယ် ၊​လေမျက်နှာမြို့နယ်​တွေကိုလည်းချန်လှပ်ထားတာ​တွေ့ရပါတယ် ။

“ရွေးကောက်ပွဲကျင်းပဖို့အတွက် သူရှုံးထားတဲ့ မြို့တွေ၊နယ်မြေတွေ ပြန်ပြီးသိမ်းဖို့လိုအပ်တဲ့အခြေအနေမှာ သူက စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ စစ်ဆင်ရေးတွေ လုပ်မယ်ဆိုတာမျိုးကို ပြည်သူတွေကို တပ်လှန့်လိုက်တာပေါ့ဗျာ။ ဆိုလိုတာက စစ်အုပ်ချုပ်ရေး ကြေညာပြီဆိုတော့ သူပြောနေတဲ့ လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအစိုးရဆိုတဲ့ အဓိပ္ပါယ်ကတော့ ပျောက်သွားပြီဗျ။ သူတို့က ဒီသုံးလအတွင်းမှာ စစ်အုပ်ချုပ်ရေးလုပ်တော့မယ်ဆိုတာ သူတို့စစ်အုပ်ချုပ်ရေးလုပ်နေတဲ့ ဒေသတွေမှာ စစ်ရေးအရနှိပ်ကွက်မှုတွေ၊စစ်ရေးအရဖိနှ်ပ်မှုတွေ၊စစ်ရေးအရထိုးစစ်ဆင်မှုတွေအဆက်မပြတ်လုပ်မယ်ဆိုတာကို ကြေညာလိုက်တယ်လို့တော့ ကျနော်က ယူဆပါတယ်”လို့ စစ်ရေး၊နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

လက်ရှိ စစ်ခေါင်းဆောင်သွားနေတဲ့ ခြေလှမ်းက ၁၉၇၄ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်းလုပ်ခဲ့တဲ့ ပုံစံအတိုင်း လုပ်နေတာလို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“သူတို့အဖေဗိုလ်ချုပ်ကြီးနေဝင်းလုပ်ခဲ့တဲ့အတိုင်းပါပဲ။ညာဘက်ကအာဏာကိုဘယ်ဘက်ကို ပြောင်းပေးလိုက်တာပါ။ သူတို့ ဗိုလ်ချုပ်ကြီးနေဝင်းကနေ ဦးနေဝင်းကို လွှဲပြောင်းပေးလိုက်တာပါပဲ။ အခုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်ကို လွှဲပြောင်းပေးလိုက်တာပါပဲ”လို့ ၎င်းက ဆက်ပြောပါတယ်။

အဲဒီစစ်အုပ်ချုပ်ရေးဟာ ဒီကနေ့(ဇူလိုင် ၃၁ရက်)ကနေ ရက်ပေါင်း ၉၀အထိလို့ ဆိုပါတယ်။​ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး အရေးပေါ်ကြေညာထားတဲ့ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်တယ်လို့ ယာယီသမ္မတ လုပ်ပြန်တဲ့ အာဏာသိမ်း​ခေါင်းဆောင်မင်းထုတ်ပြန်တဲ့စာမှာပါရှိပါတယ်။

“နလအ” အဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး အဲဒီအဖွဲ့ ကိုလည်း သူ့ကိုယ်တိုင် လက်မှတ်ရေးထိုး ဖွဲ့စည်းလိုက်တာပါ။အဲဒီလို ပြောင်းလဲဖွဲ့စည်းပြီးနောက်မှာ ကြေညာချက်တွေ တစ်ခုပြီးတစ်ခု ဒီ​နေ့ တစ်​နေလုံးထုတ်နေတာဖြစ်ပါတယ်။

စကစ က​နေ နလအ လို့အမည်​ပြောင်းအဖွဲ့ထဲမှာ အာဏာသိမ်းခေါင်းဆောင်ရဲ့လူယုံ​တွေဖြစ်တဲ့ဒုတပ်ချုပ် ၊ ညှိကွပ် ၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ၊ကာကွယ်ရေးဝန်ကြီး ၊ပြည်ထဲရေးဝန်ကြီး ၊နယ်စပ်ရေးရာဝန်ကြီးတွေ ပါဝင်ကြပါတယ်။

အဲဒီအဖွဲ့ဟာနိုင်ငံရဲ့ကာကွယ်ရေး ၊လုံခြုံရေး၊ အေးချမ်းသာယာရေး နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လမ်းညွှန်မှာဖြစ်တယ်လို့ ဆိုပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဆိုတဲ့ ရာထူးကိုတော့ သူရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးညိုစောဆီ လက်လွှဲပေးလိုက်ပါတယ်။

စစ်​ကောင်စီ စစ်အုပ်ချုပ်​ရေး​ကြေညာတဲ့ မြို့​တွေထဲမှာ တရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှု​ကြောင့်အပစ်ရပ်ထားတဲ့ MNDAA သိမ်းပိုက်ထားတဲ့​​လောက်ကိုင် ၊ကွမ်လုံ ၊သိန္နီ ၊ကုန်းကြမ်းစတဲ့မြို့နယ်​တွေပါဝင်တာကိုလည်း​တွေ့ရပါတယ်။

“ရန်သူကတော့ ရန်သူပီသတယ်။ ရှုံးခါနီးပြီဆိုတော့ဒီကောင်ကရှုံးမဲမဲမယ်။မဟုတ်တဲ့နေရာတွေကော အလကားသက်သက် ယုတ်မာရက်စက်နေတာကတော့ ကျွန်တော်တို့ ပြောမှရယ် မဟုတ်ဘူး။ တိုင်းသိပြည်သိဖြစ်နေတာဆိုတော့ သူနဲ့ ပြောမယ်ဆိုရင်ဗျာ။ ခွေးရူးနဲ့ခွေးကောင်း ဖက်မကိုက်တော့ပါဘူး”လို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်းက ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။