Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း

သြဂုတ်-၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ မနက် ၆ နာရီခန့်က ဝက်လက်မြို့နယ်တနေရာမှာ သပိတ်ကျင်းအခြေစိုက် ခလရ ၁၄၈ တပ်ရင်းကနေ အပြင် ဘုန်းကြီးကျောင်းမှာ တပ်စွဲချိန် ထွက်ပြေးလာတဲ့ စစ်မှူထမ်းတပ်သား

သစ် ၃ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းရဲ့တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သပိတ်ကျင်းကနေ ညကင်းကျချိန် ထွတ်ပြေးလာကြတာ။ခုလက်ရှိကတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတယ်။ လိုအပ်ဆေးဝါး ကုသပေးထားတယ်။”လို့ ဗိုလ်ကောက်ရိုးက ရှင်းပြပါတယ်။

သူတို့၃ဦးက လက်နက်တော့ယူဆောင်လာနိုင်တာမရှိကြောင်း၊ သူတို့ဟာ စစ်မှုထမ်းအပတ်စဥ် ၁၀ ဆင်းတွေဖြစ်ပြီးမဲပေါက်လို့စစ်မှုထမ်းလိုက်ပါခဲ့ရသူတွေလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကောင်စီက ဇူလိုင်လတတိယပတ်မှာ ပြန်လည်ထိုးစစ်ဆင်ပြီး လက်ရှိနေရာယူထားတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းဇူလိုင်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်သား ၄၀ ကျော်အလင်းဝင်ခဲ့ပြီး ၃၅ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း အလင်းဝင်သူတွေကို ချိတ်ဆက်အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ကဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကလည်း စစ်မှုထမ်း အပတ်စဥ် ၁၆ ကို စတင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ မုံရွာမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ အဓမ္မဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေ အနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကိုအမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့နယ်အစပ်က ဧရာဝတီမြစ်ဘေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးကုတ်မြို့ဘက်ကိုဦးတည်ပြီး စစ်ကြောင်းထိုးနေတယ်လို့ အဲဒီဒေသက တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ