Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် ပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ် တိုက်တွန်း

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရောင်းချမည့် ၈ဂဏန်းပါ ရှစ်လေးလုံးထီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Strike Market

ဩဂုတ်၂၊၂၀၂၅။သတိုး/People’s Spring

(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်က တိုက်တွန်းထားသည်။

ရန်ကုန် လူထုသပိတ်အနေဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ၈သင်္ကေတရိုက်နှိပ်ထားသည့် ထီးများကို ရောင်းချထားသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဆိုပါထီးများအပါအဝင် ၈ဂဏန်းနှင့် သက်‌ဆိုင်သည့်အရာများဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ရန် ဩဂုတ် ၁ရက်တွင် နှိုးဆော်ထားသည်။

“၈၈၈၈ထီးများအားယူဆောင်ပြီး စုရပ်များခေါ်ယူ၍ လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အခင်းအကျင်းနှင့်သက်ဆိုင်သောနေရာများသို့ချီတက်ခြင်း၊ ထီးများ၊ အင်္ကျီများ ပေါ်တွင် ၈သင်္ကေတများကိုယ်တိုင်ဆွဲ၍ ပါဝင်မှုပြုခြင်း နှင့် အခြားသော ၈သင်္ကေတနှင့် ဆိုင်သော လှုပ်ရှားမှုအားလုံးအကြုံးဝင်ပါသည်”ဟု ရန်ကုန် လူထုသပိတ်က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရှစ်လေးလုံးနှင့်သက်ဆိုင်သည့် ဆောင်ပုဒ်များဖြစ်သည့် “တော်လှန်မျိုးဆက်၊ ပုန်ကန်ရုန်းထွက်””မပြီးဆုံးသေးတဲ့ ၈လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”စသည်တို့ကိုလည်း အသုံးပြုနိုင်ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂တွင် ရန်ကုန်လူထုသပိတ်က ရှစ်လေးလုံးထီးသပိတ်ကို ရန်ကုန်မြို့လယ်ရှိ ဆူးလေလမ်းမနှင့် အခြားနေရာများ၌ ပြုလုပ်ခဲ့ရာ လူသိများသည့် လူထုလှုပ်ရှားမှုဖြစ်ခဲ့ပြီး ယင်းသပိတ်တွင်ပါဝင်ခဲ့သူများကို စစ်ကောင်စီက ဖမ်းဆီး၍ မတရားပုဒ်မများတပ်ကာ ထောင်ချခဲ့သည်။

ရှစ်လေးလုံးအထိမ်းအမှတ် ထီးများကို ရန်ကုန်လူထုသပိတ်၏ ခွင့်ပြုချက်ဖြင့် Strike Market က ရောင်းချနေခြင်းဖြစ်ပြီး အရေအတွက် ၄၅၀ သာရောင်းချမည်ဖြစ်သည်။

အဆိုပါထီးရောင်းချ၍ ရရှိလာသည့် အကျိုးအမြတ်များမှ ၅၀ ရာခိုင်နှုန်းကို ကျောင်းသားလက်ရုံးတပ်တော် SAF၏ ရိက္ခာ၊ ဆေးဝါးနဲ့ ဦးထုတ်၊ ကျည်ကာ၊ စတဲ့ Life Protective Equipment များအတွက် အသုံးပြုမည်ဖြစ်သည်။

ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းကို ရန်ကုန်လူထုသပိတ်၏ လူထုလှုံ့ဆော်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများကူညီပံ့ပိုးရေးအတွက် ၂၅ ရာခိုင်နှုန်းနှင့် Strike Market၏ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအတွက် ၂၅ ရာခိုင်နှုန်း အသုံးပြုသွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဥက္ကရစ်ထစခန်းကို ထိုးစစ်ဆင်အောင်ပွဲယူခဲ့သည့် တော်လှန်ရေးအင်အားစုများထဲမှ စစ်ကြောင်းတစ်ကြောင်းဖြစ်သည့် Cobra Column 2 Venom စစ်ကြောင်းက မကြာခင်ရောက်လာတော့မည့် (၃၇)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၂) ပြုလုပ်ခဲ့သည်။