Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ကို စစ်တပ်ကဗုံးထပ်ကြဲလူ​သေဆုံးထိခိုက်မှုရှိ

ပြည်သူ ၇ ဦး​သေဆုံးတယ်လို့​ဒေသခံအချို့​ပြော

မိုးကုတ်မြို့ကို ဒီမနက် စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၂၊၂၀၂၅။ဇေအောင်၊လူ​အေး/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာ​ကြောင့်လူထိခိုက်မှုတွေ ရှိနေပါတယ်။

သြဂုတ် ၂ ရက်မနက်၈ နာရီ၂၂မိနစ်ခန့်ကမိုးကုတ်မြို့အနောက်ပိုင်းက လူနေရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒေသအခေါ် မိုးကုတ်အနောက်ပိုင်း၊ ဂေါင်းဦးဘာထိပ်၊ ရွှေမောင်းအရက်ဆိုင်အနီး ဗုံးကျပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူထိတယ်။ လမ်းမှာသွားနေတဲ့ကားတစ်စီးမှာ အသေအပျောက်ရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတဦးကလည်း “ကားကို ထိသွားတာပါ။ ၇ဦး သေဆုံးတယ်လို့ ကြားတယ်။ သွားကြည့်လို့က မရဘူး။ မိုးကလည်းသည်း၊ လေယာဉ်ကလည်း ထပ်ဝဲနေလို့”လို့ပြောပါတယ်။

လူ​သေဆုံးထိခိုက်မှုနဲ့ ​နေအိမ် ၊အ​ဆောက်အအုံပျက်စီးမှုကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါဘူး ။​ဒါ​ပေမယ့် ဒေသခံ​တွေ တင်ထားတဲ့သတင်းဓါတ်ပုံ​တွေမှာ ​နေအိမ်အချို့ပျက်စီးတာကို​တွေ့ရပါတယ်။

“ညကတစ်ညလုံးလေကြောင်းကနေဝဲနေလို့ သတိထားနေကြတဲ့ ကြားကနေ အခုမနက် ဗုံးကြဲတာပါ”လို့ ​ဒေသခံအမျိုးသမီးတဦးက​ပြောပါတယ်။

စစ်ကောင်စီမိုးကုတ်မြို့ကိုပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဖြစ်စဥ်တွေမတိုင်ခင်ကလည်းဇူလိုင်လအတွင်း စစ်တပ်ကမိုးကုတ်မြို့ကိုဗုံး​လေးကြိမ်ကြဲခဲ့လို့ က​လေးငယ်၂ ဦးအပါအဝင်ပြည်သူ ၆ ဦး​သေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့​ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။

TNLA နဲ့ တော်လှန်​ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ​နောင်ချိုဘက်က​နေ စစ်​ကြောင်းထိုးဖို့လည်း ကြိုးစားနေတယ်လို့လည်း ​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။ TNLA ကလည်း မိုးရာသီ လမ်း​တွေပြင်ဖို့အတွက် မိုးကုတ်နဲ့ ဆက်သွယ်ထားတဲ့လမ်းပိုင်း​တွေကို ယာယီပိတ်ထားပါတယ် ။

TNLA ဦး​ဆောင်ပြီး မန္တ​လေး PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် ​တော်လှန်​ရေးတပ်​တွေက ၁၀၂၇ ဒုတိယပိုင်းမှာ မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် မြို့များရှိနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စတဲ့ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာ​တွေကို ဦးတည်ပြီး တိုက်လေယာဉ်​တွေ၊ လက်နက်ကြီး​တွေနဲ့ အင်အားပြင်းဗုံး​တွေသုံးပြီး နေ့စဉ်ရက်ဆက် ကြဲချနေတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။ အဲဒီလိုစစ်ရာဇဝတ်မှု​တွေ ကျူးလွန်တဲ့ လုပ်ရပ်ဆိုး​တွေကို အမြန်ဆုံး ရပ်တန့်​ပေးဖို့အတွက် ကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာကို TNLAက တိုက်တွန်းထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

Facebook