Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းထန်စွာဆန့်ကျင်ကြောင်း လယ်ဒို KRC ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာသက်ဆိုးရှည်စေရေးကိုသာထည့်တွက်စဉ်းစား၍ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကိုအခြေမခံသည့် စစ်အာဏာရှင်ရွေးကောက်ပွဲစနစ်ဖြစ်၍ ပြင်းထန်စွာဆန့်ကျင်ကြောင်း လယ်ဒို(ကျောက်ကြီး) ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(KRC)က ဩဂုတ် ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေကို စစ်ဆေးနေတဲ့ စစ်ခေါင်းဆောင်။ ဓာတ်ပုံ - global new light of myanmar

ဩဂုတ်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာသက်ဆိုးရှည်စေရေးကိုသာထည့်တွက်စဉ်းစား၍ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကိုအခြေမခံသည့် စစ်အာဏာရှင်ရွေးကောက်ပွဲစနစ်ဖြစ်၍ ပြင်းထန်စွာဆန့်ကျင်ကြောင်း လယ်ဒို(ကျောက်ကြီး) ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(KRC)က ဩဂုတ် ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကေင်စီသည် အကြောက်တရား၊ဘေးဒုက္ခပေါင်းစုံနှင့် အသက်ရှင်ရပ်တည်နေရသော ပြည်သူလူထုများ၏ လူမှုဘဝလုံခြုံမှုကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေအပေါ် လယ်ဒို KRCက ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

” တနိုင်ငံလုံးက ဆန္ဒသဘောထားအတိုင်း ရိုးသားပွင့်လင်းစွာ သဘောဆန္ဒပြုလို့ရတယ်ဆိုရင်တော့ ဒါက ရိုးရှင်းပါတယ် ပြီးခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ကြည့်မယ်ဆိုရင် အခု စစ်ကောင်စီရဲ့ အခုလုပ်နေတဲ့ လုပ်ရပ်ကို ပြည်သူတရပ်လုံးက လက်မခံတဲ့ သဘောထားကတော့ ပြောလို့ရတယ်”ဟု လယ်ဒို KRC ပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီ၏ လုပ်ဆောင်ချက်များ တနိုင်ငံလုံးရှိ ပြည်သူများ လက်မခံကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

လယ်ဒို KRC အနေဖြင့် စစ်ကောင်စီက၂ဝ၂၁ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်အာဏာအားမတရားသိမ်းယူပြီးနောက် ပြည်သူလူထုများနှင့်အတူ တစ်သားတည်းရပ်တည်သော အရပ်ဖက်လူမှုအဖွဲ့ အစည်းတခုဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီသည် စစ်ရေးတိုက်ပွဲများဖြစ်ပွားနေသည့် ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း ကျူးလွန်နေကြောင်း လယ်ဒို KRC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

” တိုက်ပွဲအမြဲလိုလိုဖြစ်နေတာ။ အဲဒီလိုဖြစ်တဲ့အခါ ရမ်းသန်း ပစ်ခတ်မှု(စစ်ကောင်စီဘက်ကရမ်းသန်းပစ်ခတ်မှု)တွေ အဝေးက ဟောင်ဝစ်ဇာတွေနဲ့ပစ်တဲ့အခါ သူတို့ရဲ့ရန်သူကို(တော်လှန်ရေးတပ်ဖွဲ့များ)မထိဘဲ ပြည်သူလူထုကို ထိမှန်တာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိဒေသအတွင်းရှိ ပြည်သူလူထုများသည် စစ်ကောင်စီတပ်၏လူ့အခွင့်အရေးချိုးဖောက်မှုကို နေ့စဉ်နေ့တိုင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း လူမှုဘဝလုံခြုံ မှု အပေါ် ခြိမ်းခြောက်မှုများစွာခံစားနေရဟု အသိပေးသည်။

ယခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း လက်နက်ကြီး(၈၂)လုံး၊ ဒရုန်း (၁၅)ကြိမ် ပစ်ခတ်ခဲ့၍ ပြည်သူ(၇)ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရခဲ့ပြီး အကြောင်းမဲ့ အဖမ်းခံရသူ (၅)ဦးရှိခဲ့သည်ဟု ဆိုသည်။ လူနေအိမ် (၁၆)လုံး၊ စာသင်ကျောင်း(၂)လုံး ပျက်စီးသည့်အပြင် အိမ်မွေးတိရိစ္ဆာန် (၄)ကောင် သေဆုံးခဲ့ဟု ဖော်ပြသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံပြီး ရေဘေးသင့်နေပြီး ရွာပေါင်း (၈ဝ)ရွာမှ ပြည်သူ ၂၈၀၀၀ ကျော် ရေဘေးသင့်နေကြောင်း အသိပေးသည်။

ထို့ကြောင့် လယ်ဒို (ကျောက်ကြီး)မြိုနယ် ပြည်သူလူထုများရင်ဆိုင်နေရသည့် အခက်အခဲများကိုရှေ့ရှုပြီး စစ်ကောင်စီမှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအားပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook