Connect with us

Hi, what are you looking for?

သတင်း

မ​လေးရှားတွင်ပြုလုပ်မည့် မြန်မာ့​​အ​ရေးဆွေး​နွေးပွဲ NLD မတက်​

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြဿနာ ပြေလည်ရေးလမ်းစမရနိုင်ဟု ထပ်လောင်း အသိပေး

၂၀၂၀ ​ရွေး​ကောက်ပွဲအကြိုကာလတွင် NLD ပါတီ​ထောက်ခံသူများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Judithbluepool/Flickr

ဩဂုတ်-၃၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ့ပြဿနာများဖြစ်လာရခြင်း၏အရင်းအမြစ်သည် စစ်တပ်က အခြေခံဥပဒေကိုချိုးဖောက်ပြီးရွေးကောက်ခံအရပ်သားပြည်သူ့အစိုးရထံမှအာဏာသိမ်းလိုက်၍ ပေါ်ပေါက်လာခြင်းဖြစ်သောကြောင့် ပြဿနာအရင်းခံအကြောင်းဖြစ်သည့် စစ်တပ်၏ လုပ်ဆောင်ချက်မှန်သမျှကိုအသိအမှတ်ပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့ထုတ်ပြန်သည်။

သြဂုတ် ၄ ရက်နေ့မှ ၇ ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို၌ကျင်းပမည့် မြန်မာနိုင်ငံ ဆိုင်ရာ သက်ဆိုင်သူများအားလုံးပါဝင်သည့်အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) သို့ NLDကို တက်ရောက်ဆွေးနွေးပေးရန် ဖိတ်ကြားမှုနှင့်ပတ်သက်၍ အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထံသို့ NLD၏ ပြန်ကြားချက်ကို သြဂုတ်လ ၃ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခက်အခဲများကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိဟု အသိပေးသည်။NLD အဖွဲ့ဝင်များ ပြည်ပခရီးသွားလာရေး အခက်အခဲများကြောင့် တက်ရောက်နိုင်ခြင်းမရှိဟု ​ဖော်ပြပြီး NLD ၏ သ​ဘောထား ဟု​ဖော်ပြထား​သော အချက် ၈ ချက်ကိုထုတ်ပြန်လိုက်သည်။

NLDသည်နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်း အရဖြေရှင်းရမည် ဟုယုံကြည်ကြောင်း အသိပေးပြီး အာဏာသိမ်းစစ်တပ်က အတုအယောင် ဟန်ပြရွေးကောက်ပွဲမှလိုချင်သည့် ရလဒ် ထွက်အောင် လုပ်ဆောင်နေကြောင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်တပ်က၎င်းတို့ လိုလားသည့် ရလဒ်ထွက်ပေါ်လာစေရေး လူထုယုံကြည်ထောက်ခံသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဥ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ခြင်း နှင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြဋ္ဌာန်းလာခြင်းတိုကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း ထင်းရှား​ကြောင်း ထုတ်ပြန်သည်။

လွတ်လပ်ပြီးတရားမျှတမှုမရှိသည့် စစ်တပ်၏နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေးဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာများပြေလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု အခိုင်အမာယုံကြည်ကြောင်းလည်း NLDက ထပ်လောင်းအသိပေးသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီးဦးဝင်းမြင့်တိုအပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရန်လိုအပ်ကြောင်း ဖော်ပြသည်။

ထိုအပြင် မတရားဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဥ်းသားများကိုအကျဥ်းထောင်လက်စွဲဥပဒေပါအခွင့်အရေးများနှင့် လုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိစေသည့်အတွက်အကျဥ်းထောင်များအတွင်း သေဆုံးမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်လာသည့်အပေါ် နိုင်ငံရေး အကျဥ်းသားများအား အာဆီယံအနေဖြင့် ကာကွယ်ပေးနိုင်မည့် အစီအစဥ်များချမှတ်ဆောင်ရွက်ပေးရန်လည်း NLDက မေတ္တာရပ်ခံထားသည်။

စစ်တပ်၏ အရပ်သားပြည်သူလူထုအပေါ်ပစ်မှတ်ထား၍လေကြောင်းမှဗုံးကြဲသတ်ဖြတ်နေမှုများရပ်တန့်ရန်အတွက်လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်းသည် လူသား ချင်းစာနာထောက်ထားမှု အကူအညီများပေးပိုခြင်းကဲ့သို ပိုမိုလုပ်ဆောင်သင့်သော အကြောင်းအရာ ဖြစ်ကြောင်းလည်း NLDက သ​ဘောထားထုတ်ပြန်ခဲ့သည်။

မြန်မာ့ပြဿနာများပြေလည်စေရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်နေမှုကို အသိအမှတ်ပြုကျေးဇူးတင်ရှိ​ကြောင်းလည်း​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။