Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ကို စစ်ကောင်စီ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကိုစစ်တပ်က ယနေမွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးကြဲခဲ့သည်။

TNLA နှင့် ပူး​ပေါင်းတပ်များက ၂၀၂၄ သြဂုတ်လတွင်သိမ်းပိုက်ထိန်းချုပ်ခဲ့စဥ်။ဓါတ်ပုံ-TNLA

သြဂုတ်-၃၊၂၀၂၅။လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကိုစစ်တပ်က ယနေမွန်းလွဲ ၂နာရီခွဲခန့်တွင်လေကြောင်းမှဗုံးကြဲခဲ့သည်။

မြို့ပေါ်ရပ်ကွက်ကို ကြဲခြင်းမဟုတ်ဘဲမြို့ပြင်ဘက်ကို ဗုံးသုံးလုံးကြဲခြင်းဟု ဒေသခံတဦးက ပြောသည်။

TNLA ထိန်းချုပ်ထားသည်မြို့နယ်များကို မကြာခဏ ဗုံးကြဲနေသည့်စစ်အုပ်စုက ပြည်သူ ၁၂ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရ​အောင်ဩဂုတ်လ ၂ရက်က မိုးကုတ်မြို့ကို ဗုံးကြဲပြီးနောက်တနေ့တွင် သီပေါမြို့ကိုပါဗုံးကြဲခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သြဂုတ်မွန်းလွဲ ၂နာရီ ၃၀မိနစ် မှ ၂နာရီ ၄၀ မိနစ်အတွင်း ဗုံးသုံးလုံးကြဲသွားခြင်းဖြစ်ပြီးနောက်ထပ်လေကြောင်းပျံသန်းလာသည့်သတင်းရရှိထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ထိခိုက်ပျက်စီးမှုအခြေအနေကိုလက်တလော၌မသိရှိရသေးပေ။

သီ​ပေါမြို့ကို TNLA ဦး​ဆောင်သည့်ပူး​ပေါင်းတပ်များက ၂၀၂၄ သြဂုတ်လတွင် သိမ်းပိုက်နိုင်ပြီး တမြို့နယ်လုံးရှိ စစ်တပ်စခန်းများအားလုံးကို ၂၀၂၄ ​အောက်တိုဘာလတွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သီပေါမြို့သည် ကျောက်မဲမြို့နှင့်အတူ မန္တ​လေး-မူဆယ်ကုန်သွယ် ရေးလမ်းကြောင်းပေါ်၌ တဆက်တည်းရှိပြီး ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်ကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် မြို့များရှိနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စသည့်ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာများကို ဦးတည်ပြီး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့်အင်အားပြင်းဗုံးများနေ့စဉ်ရက်ဆက် ကြဲချချနေသည်ဟု TNLAက ထုတ်ပြန်ထားသည်။ထ်ိုစစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီဆောင်ရွက်ပေးရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအား TNLAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။