Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော ကြံသာရွာကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ဖြစ်နေကြောင်း မြေပြင်ရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဥ်ကို ကြံသာကျေးရွာအနီးတဝိုက်၌ ယမန်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ-သုတကို

သြဂုတ်-၄၊ ၂၀၂၅။ တာရာ/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော ကြံသာရွာကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာ၍ တိုက်ပွဲ ဖြစ်နေကြောင်း မြေပြင်ရဲဘော်အချို့က ပြောသည်။

ယမန်နေ့(သြဂုတ် ၃ ရက်)တွင် ကလေးနှင့် မကွေးတိုင်း ဂန့်ဂေါလမ်းပိုင်းပေါ်ရှိ ဟံသာဝတီ(ပျူစောထီး)ရွာမှ ကြံသာရွာသို့ စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၇၀ ဝန်းကျင်မှာ စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

“ဟံသာဝတီကနေ တိုးတာဗျ။ ထိတွေ့ဖြစ်တာက ကြံသာရွာ အနီး တောင်ဘက်မှာရယ်”ဟု ရဲဘော်တစ်ဦးက တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအချို့ ထိခိုက် သေဆုံးမှုရှိပြီး ပြန်ဆုတ်ခွာခဲ့သော်လည်း ၁၂၀ မမ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှုရှိနေသည်ဟုလည်း အသိပေးသည်။

“ဒီနေ့(သြဂုတ် ၃ ရက်)ဆို ၁၂၀ မမ နဲ့ ပစ်တာ ၁၈ ကြိမ်လောက်ရှိပြီ။ ဒီနေ့ကအများဆုံးပဲ။ Mi 17 ရဟတ်ယာဥ် ပျံတယ်။ ပစ်ခတ်၊ ဆင်းသက်မှုတော့မရှိပါဘူး။ စစ်ကြောင်းအတွက် အယောင်ပြလိုမျိုး”ဟု ကဘော်အထူးဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက ကြံသာရွာ အခြေအနေကို ရှင်းပြသည်။

စစ်ကောင်စီသည် ကြံသာရွာကို ပြန်ရယူရေးအတွက် ယခင်လများထဲက အကြိမ်ကြိမ် စစ်ကြောင်းထိုးနေသော်လည်း ပြန်ဆုတ်ရပြီး တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ၎င်းက အတည်ပြုသည်။

ဟံသာဝတီရွာတွင် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၃၀၀ ဝန်းကျင်ရှိပြီး စက်တပ်လေထီးအချို့ကိုပါ ဖြည့်တင်းထားကြောင်း သိရသည်။

၂၀၂၅ ဧပြီ ၁၁ ရက် နံနက်အစောပိုင်းတွင် ပျူစောထီးစိုးမိုးသည့် ကြံသာကျေးရွာကို တော်လှန်အင်အားစုများပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု CDF KKG က ထုတ်ပြန်ထားသည်။

ထိုမတိုင်မီ ဖေဖော်ဝါရီ ဒုတိယပတ်တွင် ကလေးနှင့် ဂန့်ဂေါလမ်းပိုင်းကြားရှိ စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီစခန်း၊ မှန်တော နှင့်အောင်သာယာ (အရှေ့၊ အနောက်)တို့ကို CDF KKG ၏ Major Operationအဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့သည်။

ကြံသာရွာသို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာမှုနှင့်ပတ်သက်၍ CDF KKG တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ကြံသာရွာအနီးတဝိုက်တွင် စစ်ကောင်စီ လက်ဝေခံ ပျူစောထီးများအားကောင်းရာ ဟံသာဝတီ၊ မြောက်ခင်ရန်း ကျောက်ပြုတ်နှင့် အင်းကျွန်းရွာတို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။