Connect with us

Hi, what are you looking for?

သတင်း

အောင်ပန်း-မန္တလေး လမ်းမကြီးပေါ် Danu PDF ရှောင်တခင်စစ်ဆေးမှု ပြုလုပ်

စစ်ကောင်စီစိုးမိုးနယ်မြေဖြစ်တဲ့ အောင်ပန်း-မန္တလေး လမ်းမကြီးပေါ် ရှောင်တခင်စစ်ဆေးမှုတွေ ​ပြုလုပ်ခဲ့​တယ်လို့ Danu PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ်-၄ ၊ ၂၀၂၅။ တာရာ /People’s Spring

စစ်ကောင်စီစိုးမိုးနယ်မြေဖြစ်တဲ့ အောင်ပန်း-မန္တလေး လမ်းမကြီးပေါ် ရှောင်တခင်စစ်ဆေးမှုတွေ ​ပြုလုပ်ခဲ့​တယ်လို့ Danu PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူလူထုနဲ့ ရင်းနှီးမှု ပိုမိုခိုင်မြဲရေး အပါအဝင် လူထုလုံခြုံရေး ရည်ရွယ်ချက်တွေနဲ့ အောင်ပန်း -မန္တလေး လမ်းမကြီးပေါ်က ရေပြာအိုင်အနီးမှာ ယာဥ်အသွားအလာ နဲ့ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်ရေးစစ်ဆေးတာတွေကို မနေ့က (သြဂုတ် ၃ ရက်)က ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

“ရန်သူ့စိုးမိုးနယ်မြေ အောင်ပန်း-ရွာငံ-မန္တလေး လမ်းမကြီးပေါ်က မြသပိတ်ရေပြာအိုင်အနီးမှာ ကျွန်တော်တို့ ၁၀၀၃တပ်ရင်းမှ လုံခြုံရေးယူ ဆောင်ရွက်ခဲ့မှုပါ”လို့ Danu PDF တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှောင်တခင်စစ်ဆေးတာတွေမှာ ပြည်သူလူထုထိခိုက်မယ့်ကိစ္စတွေမဖြစ်စေဖို့ အထူးဂရုစိုက်တယ်လို့လည်း အသိပေးပါတယ်။

ဒါပေမယ့် စစ်တပ်ထုတ်ကုန်တွေကို မသုံးဖို့နဲ့ သယ်ဆောင်တာတွေ့ရှိရင် အဲဒီပစ္စည်းတွေကို ထိန်းသိမ်းမယ်လို့ Danu PDF က သတိပေးပါတယ်။

ရွာငံ မြို့နယ်အနောက်တောင်ဘက်ခြမ်းက ကျေးရွာ တွေကို စစ်ကောင်စီက ဇူလိုင်နောက်ဆုံးပတ်က စစ်ကြောင်းထိုးနေတာရှိပါတယ်။ ကျောက်ဆည်၊ မိတ္ထီလာခရိုင်တို့နဲ့ထိစပ်နေတဲ့ ရွာငံမြို့နယ်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက ကြိုတင်ကာကွယ်တာမျိုးလို့ ဓနုပြည်နယ်အမျိုးသားကာ ကွယ်ရေးတပ်တော် DSNDA တာဝန်ရှိသူက လူထုနွေဦးကို ပြောထားပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၅၅ နဲ့ နယ်မြေခံ ပျူစောထီး တွေ ပေါင်းပြီး အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီက ရွာငံမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ လုပ်နေတဲ့အပြင် နောက်ထပ်အင်အားထပ်ဖြည်ဖို့ပါ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ရွာငံမြို့နယ်က စစ်ရေးတင်းမာမှုတွေကြောင့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ နေရာမှန်သမျှကို အနီးကပ် နေထိုင်သွားတာတွေမလုပ်ဖို့ နဲ့အသွားအလာ သတိရှိဖို့ DSNDA က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ