Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့စျေးတစ်ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအောက်ဈေးအတွင်း ယနေ့ (သြဂုတ် ၄) နံနက်က လုံးခင်းအုပ်စုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင့်ရေး-ဖားကန့်သပိတ်

သြဂုတ် ၄၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအောက်ဈေးအတွင်း ယနေ့ (သြဂုတ် ၄) နံနက်က လုံးခင်းအုပ်စုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

လုံးခင်အုပ်စုသပိတ်ဦးဆောင်သူကလူထုတော်လှန်ရေး ဆောင်ရွက်နေခြင်းသည် လူမျိုးရေးဘာသာရေးကို အခြေခံခြင်းမရှိဘဲ ပြည်သူလူထုအား နှစ်များစွာ အကြမ်းဖက်ဖိနှိပ်ခဲ့သည့် အာဏာရှင်စနစ်ဆိုးအား တော်လှန်နေခြင်းဖြစ်ကြောင်း၊ အာဏာရူး အကြမ်းဖက်စစ်တပ်နှင့်အပေါင်းပါ ပြည်သူ့စစ်၊ SNA တို့က လူမျိုးရေးအသွင်ဆောင်သည့် ဖိနှိပ်မှုများ ဆောင်ရွက်နေခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် “စည်းလုံးကြ ညီညွတ်ကြ အာဏာရှင်ကို အမြစ်ဖြတ် တော်လှန်တိုက်ထုတ်ကြ”ဟုဘန်နာစာသားဖြင့် ပြည်သူလူထုအား နည်းလမ်းဟောင်းများအသုံးပြုပြီး ကုန်စည်ရိက္ခာ၊ ဆေးဝါးများဖြတ်တောက်ပိတ်ဆို့သည့် စစ်ကောင်စီ၏ လက်ပါးစေဂိတ်များအား ဆန့်ကျင်ကြောင်း လုံးခင်းသပိတ်အုပ်စုက ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဖားကန့်​ဒေသတွင်းတိုက်ပွဲများပြင်းထန်​နေသည့်ကြားမှ လုံးခင်တွင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။