Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထဲရေးဒုဝန်ကြီး မြေပြင်ကွင်းဆင်းပြီး တော်လှန် ရေးခေါင်းဆောင်များ၊ သပိတ်ခေါင်းဆောင်များနှင့် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသည့် ဒုဝန်ကြီးဦးကျော်နီသည် မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ သပိတ်ခေါင်းဆောင်များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ကြောင်း NUG၏ သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၄ရက်တွင် ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသည့် ဒုဝန်ကြီးဦးကျော်နီသည် မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ သပိတ်ခေါင်းဆောင်များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ကြောင်း NUG၏ သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၄ရက်တွင် ဖော်ပြသည်။

ဩဂုတ်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသည့် ဒုဝန်ကြီးဦးကျော်နီသည် မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ သပိတ်ခေါင်းဆောင်များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ကြောင်း NUG၏ သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၄ရက်တွင် ဖော်ပြသည်။

“တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေလည်း ရှိပါ တယ်။ NUG ဝန်ကြီးတွေ ပြည်တွင်းပြန်ရောက်တာ နယ်စပ်တလျှောက်နေထိုင် လုပ်ကိုင်နေကြတာ တွေကို သူတို့ဝမ်းသာကြိုဆိုကြပါတယ်။ NUG ကို ပြည်ထောင်စုအစိုးရအနေနဲ့ ပိုမိုအားကောင်းရေး၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်တွေ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်း နိုင်ငံကြီးတွေက နားလည်အသိအမှတ်ပြုလာနိုင်ရေး၊ တော်လှန်ရေးအမြန်အောင်မြင်ဖို့ အင်အား စုတွေ ပိုမိုစုစည်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးကြတာတွေရှိပါတယ်။ အဖွဲ့အစည်းတိုင်းမှာ ဖိအားတွေရှိကြပါတယ်။ ဒါတွေကို စနစ်တကျ အတူတကွဖြေရှင်းနိုင်ရေးကိစ္စတွေပါ ဆွေးနွေးကြပါ တယ်။”ဟု ဒုဝန်ကြီး ဦးကျော်နီက ပြောသည်။

တိုင်းရင်းသားတော်လှန်တပ်ခေါင်းဆောင်များ ၊ သပိတ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကိုလည်း ဒုဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ အားရစရာကောင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်ထောင်စုအစိုးရအနေဖြင့် ပိုမို အားကောင်းခိုင်မာရေး၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပကတိရပ်တည်ချက်ကို နားလည် အသိအမှတ်ပြုလာနိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်ဟု ရှင်းပြသည်။

“တော်လှန်ရေးအောင်မြင်ဖို့ ဒီထက်ပိုပြီးတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ပိုမိုစုစည်းဆောင်ရွက်နိုင်ရေး ကိစ္စတွေ ဒီကိစ္စတွေကိုကျနော်တို့ဆွေးနွေးခဲ့ကြတာတွေရှိပါတယ်”ဟု ဒုဝန်ကြီး ဦးကျော်နီက ပြောသည်။

ဒုဝန်ကြီး ဦးကျော်နီသည် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဝန်ကြီး ဦးရည်မွန်၊ ဝန်ကြီးဒေါက်တာဇော်ဝေစိုးအပါအဝင် ဝန်ကြီး ဒုဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

မြေပြင် လူထုသပိတ်ခေါင်းဆောင်များနှင့်ဆွေးနွေးရာတွင် နွေဦးတော်လှန်ရေး အမြန်အောင်မြင်ရေးနှင့် လူထု တည်ဆောက်ရေးလုပ်ငန်းများ အတူလက်တွဲ ဆောင်ရွက်ရန် တို့ကို ဆွေးနွေးခဲ့ဟု အသိပေးသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် လက်နက်ကိုင်တော်လှန်နေရသော်လည်း နိုင်ငံရေးနှင့်လူထု လှုပ်ရှားမှုများ လိုအပ်နေဆဲဖြစ်၍ ယင်းတို့နှင့်ပတ်သက်၍ သပိတ်အင်အားစုများလုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ဟု ဒုဝန်ကြီး ဦးကျော်နီက ပြောသည်။

ဒုဝန်ကြီး ဦးကျော်နီပါဝင်သည့် NUG ဝန်ကြီး၊ ဒုဝန်ကြီးများသည် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလထံသို့လည်း မြေပြင်၌ သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။

ယာယီသမ္မတ ဦးဆောင်သည့် အစိုးရတာဝန်ရှိသူများသည် NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်ကာ ဒေသခံပြည်သူများ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း NUGက ဇူလိုင်လကုန်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ယာယီသမ္မတ၏ ခရီးစဉ်တွင် ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး အခွန်ကောက်ခံရေး ယန္တရားများနှင့်အနီးကပ်ထိတွေ့၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် ထိတွေ့ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လူထုသပိတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီးနောက်ဒီနေ့ အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ် အခြေအနေ အထူးစိုးရိမ်နေရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က ထုတ်ပြန်ပါတယ်။

သတင်း

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

သတင်း

အိုးဘိုအကျဥ်းထောင်မှာ ရောက်ရောက်ချင်း အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီးတိုက်ပိတ်ထားကြောင်းစစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မေလ ၁၉ ရက်က မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းနေ အရပ်သားအသွင်ယူထားပြီး လွင်အမည်ဖြင့် ငါးပိထောင်းဆိုင်ဖွင့်ထားသည့် ရဲအရာခံဝင်းနိုင်အား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။