Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထားတဲ့ သပိတ်ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးမြို့လူထုသပိတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီးနောက်ဒီနေ့ အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ် အခြေအနေ အထူးစိုးရိမ်နေရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ – ၂၃ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့လူထုသပိတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီးနောက်ဒီနေ့ အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ် အခြေအနေ အထူးစိုးရိမ်နေရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ)က ထုတ်ပြန်ပါတယ်။

ကိုထက်မြတ်အောင်ဟာဒီဇင်ဘာလ၁၄ရက်ညနေပိုင်းကစတင်အဆက် အသွယ်ပြတ်တောက်သွားပြီး စစ်ကောင်စီဖမ်းဆီးတာခံလိုက်ရတယ်လို့ သိရှိချိန်ကစလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်အထိ သတင်းစုံစမ်းသိရှိရတာမရှိဘူးလို့ ရ.တ.က.သ က ဆိုထားပါတယ်။

ဖမ်းဆီးခံရချိန် မှာလည်း ကန်ကြောက်ထိုးကြိတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ကျူးလွန်ခံရတာကိုစုံစမ်းသိရတယ််လို့ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေနဲ့ကိုထက်မြတ်အောင်ရဲ့လက်ရှိအခြေအနေကိုအမြန်ဆုံး ထုတ်ပြန်ပေးဖို့ ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။ ကိုထက်မြတ်အောင်် ဟာ ဖမ်းဆီးခံရချိန်မှာ အသက်၂၄နှစ်ရှိပြီး ကျန်းမာရေး အထူးကောင်းမွန်တဲ့ လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က မန္တလေးမြို့ ၊စျေးချိုမှာ လူထူသပိတ်ခေါင်းဆောင်ကိုတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်တို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသွားခဲ့ကြပါတယ်။

ကိုတေဇာဆန်းတို့ ဆန္ဒပြပြီးနောက်စစ်ကောင်စီကသပိတ်ခေါင်းဆောင်တွေရဲ့ပုံတွေကို စစ်ဆေးရေးဂိတ်တွေမှာကပ်ပြီးဆုကြေးငွေထုတ်ကာ လိုက်လံရှာဖွေဖမ်းဆီးခဲ့တာပါ။

မန္တလေးဈေးချိုမှာဆန္ဒပြခဲ့တဲ့သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာစန်း ၊ ကိုနန်းလင်း ၊ကိုခန့်ဝေဖြိုး ၊ ကိုထက်မြတ်အောင် ၊ မမေချီ (ခ) ချီချီ၊ မရွှန်း (ခ)ရွှန်းရွှန်းနဲ့ အမျိုးသားလေးဦးတို့ကိုလည်း စစ်ကောင်စီက ရွေးကောက်ပွဲနှောင့်ယှက်မှုနဲ့အမှုဖွင့်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထက်မြတ်အောင်ဟာ စစ်အုပ်စုရဲ့ဖမ်းဆီးခံထားရလို့ အသက်အန္တရာယ် အထူးစိုးရိမ်နေရတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသည့် ဒုဝန်ကြီးဦးကျော်နီသည် မြေပြင်ကွင်းဆင်းပြီး တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ သပိတ်ခေါင်းဆောင်များနှင့် ပြည်သူများအား တွေ့ဆုံခဲ့ကြောင်း NUG၏ သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၄ရက်တွင် ဖော်ပြသည်။

သတင်း

အိုးဘိုအကျဥ်းထောင်မှာ ရောက်ရောက်ချင်း အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီးတိုက်ပိတ်ထားကြောင်းစစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။