Connect with us

Hi, what are you looking for?

သတင်း

အင်ကြင်းကုန်းရွာတွင် စစ်သားသစ်လာစုသည် SNA နှင့် ပျူများကို PDF တိုက်ခိုက်

ကချင်ပြည်နယ်မိုးညင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်(ပျူ​စောထီး)ပူးပေါင်းအဖွဲ့ကို ဟိုပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက် တင်းမာနေသည်။

စစ်​ကောင်စီလက်​အောက်ခံ SNA -ရှမ်းနီတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-SNA

သြဂုတ်-၅၊၂၀၂၅။ဇော်ရမ်း၊တာရာ/People’s Spring

ကချင်ပြည်နယ်မိုးညင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်(ပျူ​စောထီး)ပူးပေါင်းအဖွဲ့ကို ဟိုပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ရေးဆက်လက် တင်းမာနေသည်။

မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းနှင့် မိုးညှင်း – မြစ်ကြီးနား ကားလမ်းပိုင်းဘေးရှိ အင်ကြင်းကုန်းကျေးရွာတွင် ရှမ်းနီတပ်(SNA)က အင်အား ၇၀ခန့် ဖြင့် တပ်စွဲထားခြင်းဟု ဆိုသည်။

“ဒီလ ၁ ရက်နေ့ မနက်ပိုင်းက SNAဘက်က ထိုးစစ်ပါ နေ့လယ်နဲ့ ညဘက်က မိမိဘက်မှ ထိုးစစ်ပါ”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)-KPDFတာဝန်ရှိသူက တိုက်ပွဲဖြစ်စဥ်အပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း သေဆုံးခဲ့သော SNAအရာရှိ နှစ်ဦးကို ၎င်းတို့နေအိမ်တွင် သဂြိုလ်ခဲ့ပြီး အခြားအဆင့် လေးဦးကိုမူ နီးစပ်ရာမြှုပ်နှံခဲ့ကာ KPDFဟိုပင်မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း ၎င်းက အသိပေးသည်။

“ဟိုးအရင်ရက်က မိုင်းနောင် နဲ့ မမုန်ကိုင်ရွာမှာဖြစ်တယ်။ ဒီရက်တွေမှာအင်ကြင်းကုန်းရွာထဲကို SNA က စစ်သားလာကောက်တာ။ PDF တွေက ကြားဖြတ်တိုက်ထားလို့ကြားရတယ်”ဟု မိုးညှင်းဒေသခံတစ်ဦးကပြောသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်ရေးအရ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲအပြီး SNAတပ်က အင်အားတိုးထားကြောင်း သိရသည်။

အင်းတော်၊ ဝန်းသို၊ ပင်လည်ဘူး၊ မိုးညှင်း ၊ဘီလူး၊ ဟိုပင်၊ပင်းဘော ၊ မိုးကောင်း ၊အင်းတော်ကြီးဒေသ၊ ဗန်းမောက် ၊ဟုမ္မလင်းနှင့် တနိုင်းဒေသတို့တွင် SNAက တပ်ဖြန့်ထားသည်။

စစ်ကောင်စီသည် ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်သည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၏ မြို့နယ်များတွင် SNAတပ်ဖွဲ့မှ တဆင့် စစ်သားစုဆောင်းပြီး လက်နက်တပ်ဆင်ပေးကာ တော်လှန် ရေးအင်အားစုများအား တိုက်ခိုက်နေသည်။SNA၏ စစ်သားစုဆောင်းခံရသူများမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်မှုများရှိသည်။

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တို့တွင်လက်အောက်ခံ ရှမ်းနီတပ်(SNA)နှင့် ပျူ​စောထီးပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့်ဇွန်လမှစတင်၍ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲများဖြစ်ခဲ့သည်။ SNAက ဦးဆောင်ပြီး ဒေသခံများအား စစ်သားစုဆောင်းနေ၍ လူငယ်လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဒေသခံများက ပြောသည်။

“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ‌နောက်ပြီး SNAက အတင်းအဓမ္မစစ်သားစုဆောင်းနေတယ်လေ။ မိန်းကလေးတွေပါမနေရဲဘူးပြေးနေရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဇူလိုင် ၁၄ရက်က ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီတပ် (SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ ရှမ်နီတပ်သားအချို့သေဆုံးပြီး လက်နက်တစ်လက်ရရှိကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။