Connect with us

Hi, what are you looking for?

သတင်း

ရတခ ဒုတိုင်းမှုးကို လာဘ်စားမှုနဲ့ စစ်ကောင်စီ စစ်ဆေးနေ

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး ဗိုလ်မှုးကြီးဗညားဝင်း ကို လာဘ်စားမှုစွပ်စွဲချက်နဲ့ စစ်ကောင်စီက စစ်ဆေးနေတယ်လို့ ရတခနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။

သြဂုတ် – ၇ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး ဗိုလ်မှုးကြီးဗညားဝင်း ကို လာဘ်စားမှုစွပ်စွဲချက်နဲ့ စစ်ကောင်စီက စစ်ဆေးနေတယ်လို့ ရတခနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ထံကသိရပါတယ်။

ရတခ ဒုတိုင်းမှုး ဗိုလ်မှုးကြီး ဗညားဝင်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ၁၅ ဦးကို အခုလဆန်း သြဂုတ်လ ၁ ရက်နေ့မှာ စတင် စစ်ဆေးတာပါ။

ထိုင်းနယ်စပ်က ကုန်စည်တွေကို တရားမဝင်သယ်လာရင် ဖမ်းဆီးဖို့ စစ်ကောင်စီဒုခေါင်းဆောင်က ညွှန်ကြားရာမှာ ကရင်ပြည်နယ်အတွင်း ကုန်ကားတွေကို ဖမ်းဆီးမှုမှာ ဗိုလ်မှုးကြီး ဗညားဝင်းက အဓိက ဦးဆောင်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ မတ်လအတွင်းက ဘားအံမြို့မှာ ကုန်ကားရာနဲ့ချီကို တရားမဝင်ကုန်စည်သယ်ဆောင်မှုနဲ့ ဖမ်းဆီးရာမှာ ဗိုလ်မှူးကြီးဗညားဝင်းက ဦးစီးလုပ်ဆောင်ခဲ့တာပါ။

ကုန်ကားတွေကိုဖမ်းဆီးပေမယ့် ငွေတောင်းပြီးကားတွေကို ပြန်လွှတ် ပေးတာ၊ ကုန်ကားတွေကို မဖမ်းဘဲ လာဘ်ငွေယူပြီး ဖြတ်သန်းခွင့်ပေးတာ စတဲ့ စွပ်စွဲချက်တွေနဲ့ ဗိုလ်မှူးကြီးဗညားဝင်းကို စစ်ဆေးနေတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဗိုလ်မှူးကြီးဗညားဝင်းဟာမွန်ပြည်နယ်၊သံဖြူဇရပ်မြို့အခြေစိုက် အမှတ် (၄)တန်းမြင့်လေ့ကျင့်ရေးကျောင်းရဲ့ ကျောင်းအုပ်ကနေ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ဒုတိုင်းမှုးအဖြစ် ပြီးခဲ့တဲ့ မတ်လက ရာထူးတိုးပေးခံရတာပါ။

ဒုတိုင်းမှုးဖြစ်လာပြီးနောက်ကရင်ပြည်နယ်၊မြို့တော် ဘားအံမြို့ ပြည်နယ်စစ်ကောင်စီ ရုံးမှာ ရုံးထိုင်တာပါ။ ဘားအံကိုရောက်လာပြီး ငါးလ နီးပါးအကြာမှာ လာဘ်စားမှုစွပ်စွဲချက် နဲ့ စစ်ဆေးခံရတာလည်းဖြစ်ပါတယ်။

သူ့မတိုင်ခင် ရတခ ဒုတိုင်းမှုးဖြစ်သူဗိုလ်မှုးချုပ်ဇော်မင်းအောင်ဟာ ကရင်ပြည် နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ စကားများတာကြောင့် ဗိုလ်မှုးချုပ်ဇော်မင်းအောင်ကို ကော့ကရိတ်မြို့အခြေစိုက်စကခ(၁၂) ဌာန ချုပ်ဆီ ပို့ဆောင်လိုက်တာပါ​။

အဲဒီနောက် ဗိုလ်မှုးချုပ် ဇော်မင်းအောင်နေရာမှာ ဗိုလ်မှုးကြီးဗညားဝင်းကို အစားထိုးခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စစ်တပ်လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးရဲ့ တူတော်စပ်သူ ဌာနမှူး မင်းသူအောင်ဦးဆောင်ပြီး လာဘ်စားနေမှုဟာ ဆိုးရွားနေတယ်လို့ ငွေတောင်းခံရသူတချို့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook