Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားရုပ်ရှင်တွေ စာတန်းထိုးပြီး တင်ပေးနေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။

သြဂုတ်-၇၊ ၂၀၂၅။ ဇေအောင်/People’s Spring

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ ရုပ်ရှင်ဝါသနာအိုးတွေ ဝင်ရောက်အသုံးပြုမှု အများဆုံးဖြစ်တဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ် ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ခြိမ်းခြောက်လိုက်ပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ မိမိတို့ လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ထံ ဦးစွာတင်ပြ ခွင့်ပြုချက် ရယူရမှာဖြစ်ကြောင်း၊ AWS+နဲ့ cmapp.tv တွေဟာ စိစစ်ရေးအဖွဲ့ကို တင်ပြထားခြင်းမရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ application တွေမှာ လွှင့်တင်ထားကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

AWS+ နဲ့ cmapp.tv တွေဟာ စည်းကမ်းမလိုက်နာလို့ သူတို့ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး ဥပဒေနဲ့အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်တာပါ။

စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရုပ်ရှင်ဝါသနာအိုးတွေက ဒေါသထွက်နေကြပါတယ်။

“သူတို့လှမ်းနေတဲ့ပုံစံက လုံးဝ ဒီနိုင်ငံကိုလေ အမှောင်ချပစ်ပြီး brainwash လုပ်မယ်ဗျာ။ ရသလောက်ပိတ်မယ်ဗျာ။ ဒီလူတွေ သူတို့ကျွေးတာပဲစား။ သူတို့တိုက်တဲ့မှိုင်းကိုပဲ ရှုပေါ့နော်။ အဲလိုပုံစံပဲ။”လို့ အသက် ၃၀ ကျော် လူငယ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို လူမကြည့်မှာစိုးလို့ ရုံတင် နိုင်ငံခြားရုပ်ရှင်တွေကိုလည်း မြန်မာစာတန်းထိုးပြီး ပြသခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့လက်အောက်မှာ Mahar TV၊ Showlike၊ For Your app၊ Canal + စတဲ့ application တွေဟာ မြန်မာရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပြသနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ ဝင်ရှုပ်တယ်လို့ ခံစားမိရင် မဟာမိတ်ဖြစ်တဲ့ အိုမန်နိုင်ငံကိုပါ ဗုံးကြဲတိုက်ခိုက်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။

Facebook