Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံခြားရုပ်ရှင်တွေ စာတန်းထိုးပြီး တင်ပေးနေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။

သြဂုတ်-၇၊ ၂၀၂၅။ ဇေအောင်/People’s Spring

နိုင်ငံတကာ ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးပြီး တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ ရုပ်ရှင်ဝါသနာအိုးတွေ ဝင်ရောက်အသုံးပြုမှု အများဆုံးဖြစ်တဲ့ Channel Myanmar နဲ့ AWS+ application နှစ်ခုကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ် ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ခြိမ်းခြောက်လိုက်ပါတယ်။

ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ မိမိတို့ လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ထံ ဦးစွာတင်ပြ ခွင့်ပြုချက် ရယူရမှာဖြစ်ကြောင်း၊ AWS+နဲ့ cmapp.tv တွေဟာ စိစစ်ရေးအဖွဲ့ကို တင်ပြထားခြင်းမရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ application တွေမှာ လွှင့်တင်ထားကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

AWS+ နဲ့ cmapp.tv တွေဟာ စည်းကမ်းမလိုက်နာလို့ သူတို့ရဲ့လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းထားပြီး ဥပဒေနဲ့အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခြိမ်းခြောက်လိုက်တာပါ။

စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရုပ်ရှင်ဝါသနာအိုးတွေက ဒေါသထွက်နေကြပါတယ်။

“သူတို့လှမ်းနေတဲ့ပုံစံက လုံးဝ ဒီနိုင်ငံကိုလေ အမှောင်ချပစ်ပြီး brainwash လုပ်မယ်ဗျာ။ ရသလောက်ပိတ်မယ်ဗျာ။ ဒီလူတွေ သူတို့ကျွေးတာပဲစား။ သူတို့တိုက်တဲ့မှိုင်းကိုပဲ ရှုပေါ့နော်။ အဲလိုပုံစံပဲ။”လို့ အသက် ၃၀ ကျော် လူငယ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို လူမကြည့်မှာစိုးလို့ ရုံတင် နိုင်ငံခြားရုပ်ရှင်တွေကိုလည်း မြန်မာစာတန်းထိုးပြီး ပြသခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့လက်အောက်မှာ Mahar TV၊ Showlike၊ For Your app၊ Canal + စတဲ့ application တွေဟာ မြန်မာရုပ်ရှင်ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပြသနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။