Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေသည့်ကျောက်ကြီးမြို့နယ်အားစစ်ကောင်စီတပ်လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးမှုများ။ဓာတ်ပုံ - KNU

ဩဂုတ်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီက ဒရုန်း၊လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၁ရက်မှ ဩဂုတ် ၅ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှု ဖြစ်ရပ်များကို KNU ဗဟိုက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကျောက်ကြီးမြို့နယ်တွင် ဇူလိုင် ၂၄ရက်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်ပထမပတ်အထိ ကျေးရွာပေါင်း ၈၀မှ ပြည်သူသုံးသောင်းကျော်ရေဘေးဒုက္ခကြုံနေရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ရက်တွင် ကြိတ်ကွင်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့၍ နေအိမ် တစ်လုံးပျက်စီးခဲ့သည်ဟု ဆိုသည်။ ဇူလိုင် ၂၅ရက်တွင် ကျွန်းကုန်းရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၂၉ရက်တွင် နံဇလေးကျေးရွာ နှင့် ဇရပ်ခင်ကျေးရွာကြားအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အပြင် သဲဖြူရွာနှင့် သစ်ကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ဇူလိုင် ၃၀ရက်တွင် သဲဖြူရွာအနီးသို့ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဩဂုတ် ၁ရက်တွင် ညောင်တန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဘုန်းကြီးကျောင်း ဓမ္မာရုံ ပျက်စီးခဲ့ဟု KNUက ထုတ်ပြန်သည်။

ဩဂုတ် ၃ရက်တွင် ရန်မျိုးအောင်ရွာနှင့် တံတားနေရာများသို့ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ဩဂုတ် ၄ရက်တွင် ကြိတ်ကွင်းကျေးရွာအတွင်းသို့ ဒရုန်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ရာ နေအိမ်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

နွားရေချောင်းရွာကိုလည်းစစ်ကောင်စီကဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာနေအိမ်နှင့်ဆိုင်ကယ် ပျက်စီးမှု ရှိခဲ့ဟု အသိပေးသည်။ ဩဂုတ် ၅ရက်တွင်လည်း နွားရေချောင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ချတိုက်ခိုက်ခဲ့၍ စေတီပုထိုး ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များအနေဖြင့် နိုင်ငံတကာစာမျက်နာတွင် တရားဝင်မှုရစေရန် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း အတုအယောင် ရွေးကောက်ပွဲအား ကျင်းပနိုင်ရန် အပြင်းအထန် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်ဖွဲများ ထိန်းချုပ်ထားသော ဒေသများရှိ အပြစ်မဲ့ အရပ်သား ပြည်သူ လူထုများကိုမှု နေ့စဉ်နေ့အမျှ လက်နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး