Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၉)မှာစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်-၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၉)မှာစစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ် စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းတို့က အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်းနောက်ပြန်မလှည့်ကြေးဒီတော် လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာလည်း ပြည်သူ့အားမာန်သပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း ကျောင်းသားထု၊ အလုပ်သမားပြည်သူလူထု အတူပူးပေါင်းကာ “၈၈ မှသည် ၂၁/ ၂၁ မှသည် လူထုလွတ်မြောက်ရေးဆီသို့ချီတက်ကြ” ဘန်နာနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုနဲ့ အရာတော်လူထုသပိတ်တို့မှ အလုပ်သမားပြည်သူလူထုတို့ ပူးပေါင်း ချီတက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုမြို့နယ်သပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook