Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံအရှေ့ခြမ်းရွာတွေစစ်ကြောင်းထိုးခံရပြီးထောင်ချီတဲ့ဒေသခံတွေ စစ်ရှောင်နေရ

မန္တလေးတိုင်း ၊ မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြင်းခြံမြို့ အရှေ့ခြမ်းက စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာအချို့ ကိုတွေ့ရပုံ (Google Earth)

သြဂုတ် – ၁၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့အရှေ့ခြမ်း သုံးမိုင်ခန့် အကွာမှာရှိတဲ့ ကျေးရွာတွေကို အခုလဆန်း သြဂုတ်လ ၁ရက်ကစပြီး စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေလည်းဖြစ်နေပြီး ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ထိတွေ့တိုက်ပွဲတွေလည်းဖြစ်တယ်၊ အခုချိန်ထိ သူတို့(စစ်တပ်) ထိန်းချုပ်လိုက်နိုင်တဲ့ နေရာဆိုတာမရှိသေးပါဘူး ၊အထိုင်မချရဲပါဘူး၊ တက်လာတယ်၊ ပြန်ဆုတ်သွားလိုက်ပါ”လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာကြောင့် နတ်ထား၊ ကျောက်ရန်၊ ကံသစ်၊ ဗလုံ၊သမုန်းကိုင်းရွာ၊ ဖောင်းကား၊သဲတော၊ သစ်ပင်ရှည်၊ခင်မကန်၊မြောက်ကုန်း၊ဓူဝံ၊ကျောက်ပြုတ်၊ ညောင်ပင်ရွာ၊တည်ရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ၈,၀၀၀ကျော် ဟာ ထွက်ပြေးနေရတယ်လို့သိရပါတယ်။

အဲဒီလို စစ်ကြောင်းထိုးရာမှာ မြင်းခြံမြို့အခြေစိုက် သီတာယုမွန် ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ပျူ​ခေါင်း​ဆောင်သီတာယုမွန်ဟာ အာဏာသိမ်းစစ်တပ်ကို အမာခံထောက်ခံအားပေးသူဖြစ်ပြီး မြင်းခြံမှာပျုစောထီးလို့ခေါ်တဲ့ စစ်တပ်လက်ဝေခံ ပြည်သူ့စစ်ကိုဖွဲ့စည်းထူထောင်ထားသူပါ။

မြင်းခြံနယ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးချိန်မှာ မြေပြင် ခြေလျင်တပ်တွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ဒရုန်း၊ စက်တပ်လေထီး၊ ရဟတ် ယာဉ် ၊ လေယာဉ်သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ လည်း လုပ်ဆောင်တယ်လို့သိရပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်တာကိုတော့ မြင်းခြံ က အမှတ် (၁၅) ခြေလျင်တပ်ရင်းနဲ့ မြင်းခြံမြို့ အရှေ့ခြမ်းမှာ စစ်တပ်တပ်စွဲထားရာ လယ်သစ်ကျေးရွာကနေ ပစ်ခတ်တာလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြင်းခြံမြို့ဟာ စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေ စိုက်ရာမန္တလေးမြို့ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိပြီး မန္တလေးမြို့ပေါ်နဲ့တော့ ၆၅ မိုင်ကျော်ဝေးပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းမှာ ရှိတဲ့ မြင်းခြံ ဟာ တောင်သာ ၊နွားထိုးကြီးမြို့နယ်တွေနဲ့ ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

Facebook