Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ တိုက်ပွဲပြင်းထန်နေ၍ လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ် သတိပေး

ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အနီးပတ်ဝန်းကျင်ကျေးရွာများ၌ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ရဲဘော်များက သတိပေးသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Sirinda

ဩဂုတ်-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အနီးပတ်ဝန်းကျင်ကျေးရွာများ၌ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပြုကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ရဲဘော်များက သတိပေးသည်။

အမှိုက်ပုံကျေးရွာ၌ ဩဂုတ် ၁၀ရက်ကစ၍ တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ယနေ့(ဩဂုတ် ၁၂ရက်) နံနက်တွင်လည်း လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ဆူညံနေသည်ဟု ဒေသခံများက ပြောသည်။

” အမှိုက်ပုံရွာတကြောမှာ ဖြစ်နေတာ။ ပိုပြီးကြမ်းလာတယ်။ဗျူဟာကုန်းကနေလက်နက်ကြီးပစ်နေတယ်။ လေကြောင်းကလည်း ပစ်လာနိုင်တယ်”ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အမှိုက်ပုံကျေးရွာပတ်ဝန်းကျင်တွင် မှော်တောင်း၊ဆန်းကြွယ်၊ ရှရော်ခ၊မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးရွာတို့ရှိပြီး ယခု သြဂုတ်လဆန်းပိုင်းက တိုက်ပွဲပြင်းထန်ခဲ့စဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အမှိုက်ပုံကျေးရွာတွင် ဇူလိုင်လဆန်းက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လကုန်ပိုင်း၌ ပြန်လည်ငြိမ်သက်ခဲ့သည်။ ယခု ဩဂုတ်လဆန်းတွင် တိုက်ပွဲပြန်ဖြစ်ပြီး တရက်ထက်တရက်တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

အမှိုက်ပုံရွာအပါဝင် စစ်ရေးတင်းမာနေသော ‌ကျေးရွာအချို့မှ ‌ ဒေသခံများသည် ဖားကန့်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တိမ်ရှောင်နေကြရသည်မှာ တစ်လကျော်ကြာပြီဖြစ်သည်။

တိမ်းရှောင်ရန်အခက်အခဲရှိ၍ ဆက်လက်နေထိုင်သူအချို့သည် သြဂုတ်လဆန်းပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုအချို့ရှိခဲ့သည်။

ဩဂုတ် ၄ရက်မှ ဩဂုတ် ၇ရက်အထိ ၄ရက်ဆက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

KIA၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်၁ရက်တွင် သိမ်းယူခဲ့ပြီး ဩဂုတ် ၄ရက်တွင် KIA၊KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းယူပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

ယခုရက်ပိုင်း တိုက်ပွဲနှင့် စစ်ရေးအခြေအနေကြောင့် အမှိုက်ပုံကျေးရွာအပြင် ယူမာ၊ရှရော်ခ၊ မှော်တောင်းနှင့် ဆန်းကြွယ်ကျေးရွာမှ ဒေသခံများလည်း တိမ်းရှောင်နေကြရသည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။