Connect with us

Hi, what are you looking for?

သတင်း

လူသုံးကုန်ပစ္စည်း ၃၅မျိုးကို စစ်ကောင်စီက ပြည်ပတင်သွင်းခွင့်ပိတ်

သွားတိုက်ဆေးနဲ့ ဆပ်ပြာတွေကစလို့ လူသုံးကုန်ပစ္စည်း ၃၅မျိုးကို စစ်ကောင်စီက ပြည်ပကနေတင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သွယ်နေသော လှေဂိတ်များအား ထိုင်းဘက်ခြမ်းမှ တွေ့ရစဉ်။ဓာတ်ပုံ - AEC News

သြဂုတ်-၁၃၊၂၀၂၅။တာရာ /People’s Spring

သွားတိုက်ဆေးနဲ့ ဆပ်ပြာတွေကစလို့ လူသုံးကုန်ပစ္စည်း ၃၅မျိုးကို စစ်ကောင်စီက ပြည်ပကနေတင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒီကနေ့(သြဂုတ် ၁၃ရက်)မှာ လူမှုကွန်ရက်ကတဆင့် ထွက်ပေါ်လာတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီရဲ့ ကြေညာချက်တစ်ရပ်မှာ တင်သွင်းခွင့်ပိတ်လိုက်တဲ့ ကုန်ပစ္စည်းအမယ်တွေကို တွေ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကြေညာချက်စာရွက်စာတမ်းမှာ ရက်စွဲမပါတာကို တွေ့ရပါတယ်။

ဩဂုတ် ၁ရက်က စစ်ကောင်စီ ဖျက်သိမ်းခဲ့တဲ့ ကော်မတီနဲ့ ကော်မရှင် ၁၉၄ခုမှာ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

ကော်မတီဖျက်သိမ်းလိုက်ပေမယ့် ကြေညာချက်ပါတဲ့ ကုန်ပစ္စည်းတွေက တင်သွင်းလို့ မရဖြစ်နေဆဲလို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်နဲ့ ပြည်တွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် သုံးဦးလောက်က လူထု နွေဦးကို ပြောပါတယ်။

“အဲဒီကြေညာချက် ဒီနှစ်မေလ လောက်ကထွက်တာလို့ သိရတယ်။ကော်မတီက ဖျက်သိမ်းတာ မှန်သလို သူနဲ့ဆက်စပ်တဲ့ ကြေညာချက် အမိန့်စာတွေက အသက်မဝင်တော့ဘူးဆိုပေမယ့် စစ်ကောင်စီက ဆက်သုံးနေတာပဲ။အဖွဲ့အမည်တွေပဲ ချိန်းကြတာ လူတွေက ဒီအတိုင်းပဲဆိုတော့ သူတို့ချထားတဲ့ မူတွေ ဆက်အသက်ဝင်နေသလိုမျိုးပဲ”လို့ ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

တင်သွင်းခွင့် ပိတ်လိုက်တဲ့ ကုန်ပစ္စည်း ၃၅မျိုးမှာ ခြေညှပ်ဖိနပ်၊အမွှေးတိုင်၊ခေါက်ဆွဲ၊ကြာဇံ၊ချိုချဥ်၊ဘီစကစ်၊ပဲငံပြာရည်၊ဘထ္ထရီ၊ပရုတ်လုံး၊မီးလုံး၊တစ်ရှူး၊လူကြီး ဒိုက်ဘာ၊သွားတိုက်တံ၊သွားတိုက်ဆေး၊ ဆပ်ပြာ၊တာယာနဲ့ ကျွတ်တွေ ပါဝင်တာတွေ့ရပါတယ်။

စားသောက်ကုန်ထဲက ကြက်အူချောင်း၊အသင့်သောက်၊နို့၊ဒိန်ချဥ် နဲ့ သစ်သီးမျိုးစုံကိုလည်း တင်သွင်းခွင့်မပေးဘူးလို့ ဖော်ပြထားပါတယ်။

“နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေးကို အကြောင်းပြပေမယ့် အဓိကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဝင်ငွေစီးဆင်းမှုကို အားနည်းအောင်လုပ်တာလို့မြင်တယ်။စစ်ကောင်စီက သူလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်မှရမယ့် အခြေအနေဆိုတော့ ရသမျှအပေါက်အားလုံး ပိတ်လိမ့်မယ်။ပြည်တွင်းထဲက အခြေခံလူထုက ဒုက္ခရောက်ပြီးရင်း ရောက်ကြဦးမှာဖြစ်တယ်”ဟု ကုန်စည်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြည်ပသွင်းကုန်ပစ္စည်းများပိတ်လိုက်မှုအခြေအနေကို ရှင်းပြသည်။

စစ်ရေးအရ ရှုံးနိမ့်ပြီး နှစ်စဥ် ဒေါ်လာဘီလီယံနဲ့ချီ ရရှိတဲ့ ရှမ်းမြောက်ကုန်သွယ်ရေးစခန်းများအပါ အဝင် ရိဒ်၊ မောင်တော၊မယ်စဲ့နဲ့ ထီးခီးနဖယ်စပ်ဂိတ်တွေကို စစ်ကောင်စီက လက်လွှတ်ထားရပါတယ်။

ဒါပေမယ့် ထိုင်းနဲ့ နယ်စပ်ကုန်သွယ်နိုင်တဲ့ မြဝတီ၊တာချီလိတ်ကုန်သွယ်ရေးစခန်းနဲ့ ပင်လယ်ရေ ကြောင်းကနေ ပြည်ပပို့ကုန်တွေကို စစ်ကောင်စီက တင်သွင်းနေပါတယ်။

“မြဝတီကနေ တရားဝင်ဘာမှသွင်းခွင့်မပြုသဘလာက်ဘဲ။အဲဒါကြောင့် တွေ့သမျှဖမ်းနေတာ။အရင်က ကုန်နဲ့ဆင်းရင် ကားတစ်စီးသိန်းဆယ်ချီရတယ်။အခု တော့ အကုန်ခါလီပဲ”လို့ မြဝတီမြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အခြေခံလူတန်းစားတွေ အားကိုးအသုံးပြုနေရတဲ့ စားအုန်းဆီဖြန့်ဖြူးတာကို အွန်လိုင်းစနစ်နဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီက ထိန်းချုပ်နိုင်ဖို့လုပ်နေတာလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်တွင်းစီးပွားရေးက အဆိုးရွားဆုံးနိမ့်ကျနေတယ်လို့ ကမ္ဘာ့ ဘဏ်နဲ့ အရှေ့တောင်အာရှနိုင်ငံစီးပွားရေးကို စစ်တမ်းကောက်ယူနေတဲ့အဖွဲ့တွေက အခုနှစ်ထဲမှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။