Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း၊မူးကမ်းကြီးရွာဘုန်းကြီးကျောင်းဗုံးကြဲခံရသံဃာတစ်ပါးအပါအဝင် ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဒီက​နေ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တစ်ပါး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

သြဂုတ်၁၈၊၂၀၂၅။​​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဒီက​နေ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တစ်ပါး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးကျေးရွာ၊မိုးကောင်းဘုန်းကြီးကျောင်းက ဓမ္မာရုံကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ သံဃာတော်တစ်ပါး၊ ကပ္ပိယနှစ်ဦးနဲ့ အခြား ပြည်သူ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ ​နေရာတင်ပွဲချင်းပြီး ၅ ဦး​သေဆုံးခဲ့ပြီး ၂ ဦးက​ဆေးရုံပို့​ဆောင်စဥ်​သေဆုံးတာလို့သိရပါတယ် ။ ​”ဒဏ်ရာရနဲ့ ပြင်းထန်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး အမြန်ဆုံး ကူညီပေးနေတယ်လို့ S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရသူ ၁၃ဦး လောက်ရှိတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။ ဒဏ်ရာပြင်းထန်သူ​တွေလည်းရှိတာ​ကြောင့် ​သေဆုံးသူထပ်တိုးလာနိုင်​သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့မသိရသေးပါဘူး။

” မြေပြင်မှာတိုက်ပွဲမရှိဘဲနဲ့ကြဲတာ။ Air Strike ဆိုတော့ ထိခိုက်သွားတယ်။ အရပ်သားပစ်မှတ်ကိုပစ်သွားတာ။ ခရိုင်ပကဖရဲ့အစီအစဉ်နဲ့ လေကြောင်းအန္တရာယ်သတိပေးထားတာတွေက အမြဲလုပ်နေတာပါ”လို့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

တစ်​နေတည်းမှာပဲ သြဂုတ် ၁၈ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက​နေဗုံးကြဲခဲ့​ကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့ပါသေးတယ်။ စစ်တပ်က ဒီရက်ပိုင်းနိုင်ငံတစ်​ဝန်းမှာ အရပ်သားပစ်မှတ်​တွေကို ဦးတည်ပြီး ဗုံးဆက်တိုက်ကြဲတာ​ကြောင့် ပြည်သူ​သေဆုံးမှု ​နေ့စဥ်အများအပြားရှိ​နေပါတယ် ။

ပြီးခဲ့တဲ့ မေလကလည်း ဒီပဲယင်းမြို့နယ်၊အိုးတိမ်းတွင်းကျေးရွာ စာသင် ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးနဲ့ ဆရာ တွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook