Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း၊မူးကမ်းကြီးရွာဘုန်းကြီးကျောင်းဗုံးကြဲခံရသံဃာတစ်ပါးအပါအဝင် ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဒီက​နေ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တစ်ပါး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

သြဂုတ်၁၈၊၂၀၂၅။​​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဒီက​နေ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တစ်ပါး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

သြဂုတ် ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးကျေးရွာ၊မိုးကောင်းဘုန်းကြီးကျောင်းက ဓမ္မာရုံကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ သံဃာတော်တစ်ပါး၊ ကပ္ပိယနှစ်ဦးနဲ့ အခြား ပြည်သူ ၄ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ ​နေရာတင်ပွဲချင်းပြီး ၅ ဦး​သေဆုံးခဲ့ပြီး ၂ ဦးက​ဆေးရုံပို့​ဆောင်စဥ်​သေဆုံးတာလို့သိရပါတယ် ။ ​”ဒဏ်ရာရနဲ့ ပြင်းထန်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး အမြန်ဆုံး ကူညီပေးနေတယ်လို့ S&C မီး​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာရသူ ၁၃ဦး လောက်ရှိတယ်”လို့ ဒေသခံတဦး ကပြောပါတယ်။ ဒဏ်ရာပြင်းထန်သူ​တွေလည်းရှိတာ​ကြောင့် ​သေဆုံးသူထပ်တိုးလာနိုင်​သေးတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့မသိရသေးပါဘူး။

” မြေပြင်မှာတိုက်ပွဲမရှိဘဲနဲ့ကြဲတာ။ Air Strike ဆိုတော့ ထိခိုက်သွားတယ်။ အရပ်သားပစ်မှတ်ကိုပစ်သွားတာ။ ခရိုင်ပကဖရဲ့အစီအစဉ်နဲ့ လေကြောင်းအန္တရာယ်သတိပေးထားတာတွေက အမြဲလုပ်နေတာပါ”လို့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

တစ်​နေတည်းမှာပဲ သြဂုတ် ၁၈ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ နပဲပင်လှကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းက​နေဗုံးကြဲခဲ့​ကြောင့် သံဃာ ၁ပါးနဲ့ ပြည်သူ ၂ဦး ထိခိုက်ခဲ့ပါသေးတယ်။ စစ်တပ်က ဒီရက်ပိုင်းနိုင်ငံတစ်​ဝန်းမှာ အရပ်သားပစ်မှတ်​တွေကို ဦးတည်ပြီး ဗုံးဆက်တိုက်ကြဲတာ​ကြောင့် ပြည်သူ​သေဆုံးမှု ​နေ့စဥ်အများအပြားရှိ​နေပါတယ် ။

ပြီးခဲ့တဲ့ မေလကလည်း ဒီပဲယင်းမြို့နယ်၊အိုးတိမ်းတွင်းကျေးရွာ စာသင် ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးနဲ့ ဆရာ တွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်က ထန်းတောကျေးရွာနဲ့ ချောင်းသာရွာတို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။