Connect with us

Hi, what are you looking for?

သတင်း

ဝမ်ပေါင်အနီးက ရွာကို စစ်တပ်ကပါရာ​မော်တာနဲ့ဗုံးကြဲပြည်သူတစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ဝမ်ပေါင်ကုမ္ပဏီအနီးက မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

​ကြေးနီ စီမံကိန်း​တွေ နဲ့ အနီးဝန်းကျင်​ဒေသကိုGoogle Earth မှမြင်​တွေ့ရပုံ

သြဂုတ်-၁၉၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ဝမ်ပေါင်ကုမ္ပဏီအနီးက မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

သြဂုတ် ၁၈ ရက်၊မွန်းလွဲ၂ နာရီခန့်ကမုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က တက်လာတဲ့ ပါရာမော်တာ စက်တပ်လေထီးတစ်စီးဟာ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီအနီးရှိ မိုးကြိုးပြင်တောင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တအိမ်အတွင်းမှာရှိနေတဲ့ အသက်(၆၀) ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား၁ဦး စိုးရိမ်ရဒဏ်ရာနဲ့ အခြားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၁၆ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဝမ်ပေါင်ကုမ္ပဏီစောင့်စကစတွေ အပြန်အလှန်လက်နက်ကြီးပစ်ခက်မှုတွေတော့ရှိတယ်။အဲ့ဒီအရှိန်ကြောင့် ပါရာမော်တာနဲ့လာချတာနေမှာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

သြဂုတ် ၁၆ ရက်ကလည်း ဝမ်ပေါင်ကုမ္မဏီက ကင်းစောင့်စစ်သားတွေ ပစ်ခက်လို့ ကျောက်ဖြူတိုင်ရွာမှ တောင်ယာလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးလည်းသေဆုံးခဲ့ပါသေးတယ်။

အဆိုပါပစ်ခတ်မှုတွေကြောင့် ဝမ်ပေါင်ကုမ္မဏီ အနီးဝန်းကျင်ကကျေးရွာ​တွေ စစ်တပ်ရန်​ကြောင့် တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ကိုအသက်ဆက်ပေးနေတဲ့ ဝမ်ပေါင်ကုမ္မဏီရဲ့ကြေးနီစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ပေးနေပြီး လုပ်ငန်းတွေအနှောင့်အယှက်မရှိအောင် ဘေးဝန်းကျင်ရွာတွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံ​တွေက​ပြောတယ်။

ဆက်စပ်သတင်းများ