Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဗုံးကြဲခံရမှု သေဆုံးသူနဲ့ ဒဏ်ရာရသူများ

ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်​ကောင်စီက သြဂုတ် ၁၇ ရက်​နေ့မှာ တိုက်​လေယာဥ်နဲ့ ​ပေါင် ၅၀၀ ဗုံးကြဲတာ​ကြောင့် ​သေဆုံးသူ နဲ့ ဒဏ်ရာသူ​တွေရဲ့အမည်စာရင်းဖြစ်ပါတယ်။

People’s Spring

ကရင်နီပြည်နယ်၊မော်ချီးဒေသကို စစ်​ကောင်စီက သြဂုတ် ၁၇ ရက်​နေ့မှာ တိုက်​လေယာဥ်နဲ့ ​ပေါင် ၅၀၀ ဗုံးကြဲတာ​ကြောင့် ​သေဆုံးသူ နဲ့ ဒဏ်ရာသူ​တွေရဲ့အမည်စာရင်းဖြစ်ပါတယ်။ စစ်​ကောင်စီဗုံးကြဲသတ်ဖြတ်မှု​ကြောင့် က​လေးငယ် ၅ ဦးအပါအဝင် အရပ်သား အနည်းဆုံး၃၂ ဦးသေဆုံးခဲ့ပါတယ် ။ ဒဏ်ရာရရှိသူ ၅ ဦးရှိသလို ပျောက်ဆုံးနေသူအချို့ရှိနေ​​ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က သြဂုတ် ၁၈ ရက်​နေ့မှာထုတ်ပြန်ပါတယ်။​ ဗုံးကြဲမှု​ကြောင့်သေဆုံးသူ​တွေထဲမှာ အမည်မသိရ​သေးသူ ၆ ဦးရှိ​နေပါ​သေးတယ် ။ဒီနှစ်အတွင်း စစ်​ကောင်စီတပ်အနေနဲ့ မော်ချီးဒေသတစ်ခုတည်းကိုပဲ စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှု ၁၁ကြိမ်ခန့်ပြုလုပ်ခဲ့တယ်လို့ IEC က ဖော်ပြပါတယ်။ တရားမဝင်အာဏာသိမ်းစစ်တပ်က အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ IEC ကထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင်နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေကို ထိရောက်စွာ အရေးယူနိုင်ရေး IECက အလေးအနက်တိုက်တွန်းထားပါတယ်။

ကိုးကား-IEC

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။