Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ်မှာ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို မီးထပ်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရာတော်လမ်းပိုင်းကို ထိုးနေတဲ့ စစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက်မီးရှိူ့တာတွေပြုလုပ်နေပြီး ဒီနေ့ ညနေပိုင်းမှာ ညောင်ပင်ရွာသစ်ကို ထပ်မံမီးရှို့နေတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မုံရွာမြို့နယ် ကျောက္ကာရွာအနီး ရေနံကုန်း ခြံသစ်ဘက်ကို ဩဂုတ် ၁၂ ရက်က စစ်ကောင်စီစစ်ကြောင်း မီးရှိူ့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဩဂုတ်-၁၉၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရာတော်လမ်းပိုင်းကို ထိုးနေတဲ့ စစ်ကြောင်းက ကျေးရွာတွေကို ဆက်တိုက်မီးရှိူ့တာတွေပြုလုပ်နေပြီး ဒီနေ့ ညနေပိုင်းမှာ ညောင်ပင်ရွာသစ်ကို ထပ်မံမီးရှို့နေတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၈ရက်က မုံရွာစီးပွားရေး တက္ကသိုလ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ညပိုင်းကနေ ဒီနေ့မနက်အထိ ကျောက္ကာတောင်ရွာကို မီးရှို့ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာလည်း ညောင်ပင်ရွာသစ်ကို ထပ်မံမီးရှို့နေတယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းမှာ စစ်ကောင်စီအင်အား ၄၀၀လောက်ပါပြီး မုံရွာ-‌ကျောက္ကာ-အရာတော်လမ်းပိုင်း၊ မုံရွာ-ဗောဓိတထောင်လမ်းပိုင်းက ကျေးရွာ ၁၁ရွာလောက် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မုံရွာ အမြင့်လမ်းပိုင်းမှာလည်း ဒီကောင်တွေ မအူဂိတ်မှာ အင်အားတိုးထားပြီး စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် အဲဒီလမ်းပိုင်းလည်း ပိတ်ထားပါတယ်။ မုံရွာမြို့နယ်ပတ်လည်မှာ ဒီကောင်တွေ စစ်ကြောင်းလှုပ်ရှားမှု ရှိလာနေတဲ့သဘောပါ”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတချို့လည်းရှိနေပြီး တိုက်ပွဲဇုံ ဧရိယာ သတ်မှတ်ထားတာမို့ လမ်းပိုင်းအားလုံးလည်းပိတ်ထားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်‌ကြာင်းနဲ့ ဩဂုတ် ၈ ရက်ကနေ ၁၁ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ဦး၊ ဗိုလ်ကြီး၁ဦးအပါအဝင် ၂၀ဦးခန့် ဒဏ်ရာရခဲ့ပြီး ၄၀ဦး သေဆုံးကာ သေဆုံးသူအများစုဟာ ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ မုံရွာမြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။