Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ လက်​အောက် ရုပ်ရှင်ထုတ်လုပ်သူများအရှုံးပေါ်နေ

စစ်​ကောင်စီလက်​အောက်တွင် ရုပ်ရှင်ရုံတင်စနစ်အရ တစ်လလျှင် မြန်မာဇာတ်ကား ရှစ်ကားခန့် ရုံတင်ပြသနေသောကြောင့် ကြည့်ရှုသူနည်းလာပြီးထုတ်လုပ်သူများအရှုံးပေါ်နေကြောင်း ရုပ်ရှင်လောကသားအချို့က ပြောသည်။

ရန်ကုန်မြို့ရှိ ၊သမ္မတရုပ်ရှင်ရုံတွင် ရုံတင်ပြသနေ​သော ဇာတ်ကားအချို့

ဩဂုတ်-၂၀၊၂၀၂၅။ ဆဏ်း/People’s Spring

စစ်​ကောင်စီလက်​အောက်တွင် ရုပ်ရှင်ရုံတင်စနစ်အရ တစ်လလျှင် မြန်မာဇာတ်ကား ရှစ်ကားခန့် ရုံတင်ပြသနေသောကြောင့် ကြည့်ရှုသူနည်းလာပြီးထုတ်လုပ်သူများအရှုံးပေါ်နေကြောင်း ရုပ်ရှင်လောကသားအချို့က ပြောသည်။

“တစ်လ ၈ ကားတင်တော့ တင်သမျှကားတိုင်းရှုံး ၊ ဗမာ ကား ကို အားပေးတဲ့လူက ဒီလူတစ်စုကပဲ အားပေး၊ အဲဒီလူတစ်စုက တစ်လ ၈ ကားလုံးကို အားမပေးနိုင် ဆိုတော့ ရှုံး ” ဟု ၎င်းကပြောသည်။

လက်ရှိတွင်ရုပ်ရှင်ဇာတ်ကားများကို တစ်ပတ်လျှင် နှစ်ကားတစ်ပြိုင်တည်း ရုံတင်ပြသနေရခြင်းဖြစ်ပြီး ဇာတ်ကားအချို့သာ နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိ​နေသည်။

Public Service Announcement

Public Service Announcement

“ဇာတ်ကားတွေကလည်း ရုပ်ရှင်လို့သာနာမည်တပ်ထားတာ ။ အရင်က ဗီဒီယိုအဆင့်လောက်တောင် မရှိတာတွေများတယ်”ဟု ရုပ်ရှင်ပရိသတ်တစ်ဦးကပြောသည်။

လက်ရှိရုံတင်ပြသနေသည့် ဇာတ်ကားများသည် စစ်တပ်​ထောက်ခံ​သောသရုပ်ဆောင်များ ၊ ​တော်လှန်​ရေးတွင်မပါဝင်သူများဖြင့် သရုပ်ဆောင်အင်အား များများသုံး​သော်လည်းအောက်လုံးများဖြင့် ဟာသတင်ဆက်မှုများသောကြောင့် ကလေး

သူငယ်များကြည့်ရှုရန် မသင့်ဟု ၎င်းကအကြံပြုသည်။သို့​သော် ​စစ်အာဏာရှင်တော်လှန်​ရေးတွင်ပါဝင်​နေ​သော သရုပ်​ဆောင်များ၏ ဇာတ်ကားများကိုမူ ရုံတင်ခွင့်မ​ပေးဟု သိရသည်။

ဘတ်ဂျက်သုံး၍ ရိုက်ကူးထားသည့် ထုတ်လုပ်သူများက တစ်ပါတ်လျှင် တစ်ကားသာ ရုံတင်ပြသလိုသောကြောင့် ယင်းကဲ့သို့ ပြသနိုင်ရန် ရုံပိုင်ရှင်များကို Deposit အနေဖြင့် သိန်းသုံးထောင် ပေးပါက ပြသခွင့်ရမည်ဟု ရုပ်ရှင်လောကနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ပထမအပတ် ရုံတင်ဝင်ငွေကိုကြည့်ပြီး နောက်တစ်ပတ်ရုံတင်ဖို့ ဆုံးဖြတ်တာဆိုတော့ တချို့ထုတ်လုပ်သူတွေက ကိုယ့်ကားလက်မှတ်ကို ပြန်အားပေးပြီး နှစ်ပတ်ရုံတင်ဖို့ လုပ်တာမျိုးတွေလည်းရှိတယ်” ဟု ရုပ်ရှင်လောကသားတစ်ဦးက ဆိုသည်။သို့​သော် လက်မှတ်​ရောင်းရ ၊မ​ရောင်းရမှာမ​သေချာ၍ ထုတ်လုပ်သူများအတွက် စွန့်စားမှုကြီး​ကြောင်း ၎င်းကဆက်​ပြောသည်။

ထို​ကြောင့်ရုပ်ရှင်​ဈေးကွက်သည် ရုပ်ရှင်ရုံပိုင်ရှငွဘက်က တဖက်သက် အသာစီးရ​နေ​ကြောင်း၎င်းတို့က​​ပြောသည်။

သို့​သော် စစ်​ကောင်စီ၏ ဝါဒဖြန့် ဇာတ်ကားများမှာကြိုက်သည့်အချိန်တွင်ပြသနိုင်​ကြောင်းသိရသည်။

“တင်အောင်စိုး ပန်းမြို့တော် ရိုက်တဲ့ – ရဲ နှစ်ပတ်လည်ကား အဲဒီကား ကြိုက်တဲ့ရက် ကြိုက်တဲ့ရုံမှာ တင်လို့ရမယ် အော်ကတိုဘာ ၁ မတိုင်ခင်” လို့ ရုပ်ရှင်​လောကသားတဦးက​ပြောသည်။

ထိုသို့ရုပ်ရှင်ဈေးကွက်ပျက်နေသော်လည်း အာဏာသိမ်းခေါင်းဆောင် သမီး ခင်သီရိသက်မွန်နှင့် ပတ်သက်နေသည့် အသိုင်းအဝိုင်းက ပိုင်ဆိုင်သည့် ထုတ်လုပ်ရေးတိုက်များအနေဖြင့် ဇာတ်ကားရိုက်ကူးမှူများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ထိုသို့ အကျိုးအမြတ်နည်း​သော်

လည်း ရုပ်ရှင်ဇာတ်ကားများဆက်တိုက်ရိုက်ကူးပြသ​နေခြင်းမှာ ပြည်သူများကို ​တော်လှန်​ရေးတွင်စိတ်မဝင်စားဘဲ အာရုံ​ပြောင်းရန် ၊တိုင်းပြည်မှာ ပုံမှန်ဖြစ်​နေသ​ယောင် ဖြစ်​အောင် စစ်​ကောင်စီက ကြိုးစား​နေခြင်းဖြစ်​ကြောင်း ရုပ်ရှင်​လောကသားအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook