Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဝှက်ထားသည့်လက်နက်များ ဒေသခံများ တွေ့၍ CDFထံ အပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF – မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

လက်နက်များလာရောက်အပ်နှံသည့် ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်

ဩဂုတ်-၂၂၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF – မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ၀င်များ မြေဖို့ဝှက်ထားခဲ့သော MA 15(စက်လတ်) (၁)လက် ၊ RPG 7 (၁) လက်၊ MA4 (၁)လက် ၊ MA 3 (၁)လက်နှင့် ဆက်စပ် ပစ္စည်းများအား တာ၀န်သိ ပြည်သူများက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံသဖြင့် ဆုကြေး‌ငွေများ ချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ပြည်သူများက လက်နက်များလာရောက်အပ်နှံသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ဟု CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောသည်။

Public Service Announcement

Public Service Announcement

“အရင်ကလည်း ဒီလိုပေါ့ မင်းတပ်မြို့သိမ်း တိုက်ပွဲတုန်းက ပရမ်းပတာဆုတ်ခွာတဲ့ အဖွဲ့တွေပေါ့ အဲဒီကောင်တွေက သေနတ်တွေထားခဲ့တာ။ အဲဒါ တွေကိုရွာသားတွေရော ကျနော်တို့ တပ်ဖွဲ့ဝင်တွေရော လိုက်ရှာတယ်။ ဒါပေမဲ့ တောက နည်းနည်းကျယ်တဲ့အခါ အကုန်လုံးတွေ့ဖို့က မလွယ်ဘူး။ ဒါပေမဲ့ ရွာသားတွေက အဲဒီနယ်မြေဘက်မှာ တိုက်နယ်(၄)ဘက်မှာ ရှိတဲ့ ပြည်သူလူထုက ချောင်းသွားတာတို့၊ တောထဲသွားတာတို့ ဘာတို့မှာ ပြန်ပြန်တွေ့ကြတာရှိတယ်။ ပြန်တွေ့ရင် ကျနော်တို့တပ်ဖွဲ့ကို ပြန်ပြန်လာအပ်ပေးကြတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များသည် ၂၀၂၄ ဒီဇင်ဘာတွင် မင်းတပ်မြို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်းများစွာနှင့် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ရက်ပေါင်း ၄၀ကျော်အကြာတွင် မြို့ကိုအပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။