Connect with us

Hi, what are you looking for?

သတင်း

CDF ငါးဖွဲ့ စုဖွဲ့ထား​သော ZZLMS ညီ​နောင်အဖွဲ့စု​​ပေါင်းစစ်​ရေး​လေ့ကျင့်

ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားသည့် ZZLMS ညီနောင်အဖွဲ့မှ ရဲဘော်များအား စု​ပေါင်းစစ်​ရေး​လေ့ကျင့်မှုတွင်တွေ့ရစဉ်။ ဓာတ်ပုံ-ZZLMS

ဩဂုတ်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။

CDF ဇိုတုန်၊ CDF ဇိုဖေ၊ CDF Lautu၊ CDF မရာ နှင့် Senthang Revolution Force စသည့် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့ စုဖွဲ့ထားသည့် ZZLMS ညီနောင်အဖွဲ့၏ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ZZLMS နယ်‌မြေ တနေရာ၌ ကျင်းပနိုင်ခဲ့မှုကို အသိပေးရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ZZLMS မဟာမိတ်ညီနောင် အချင်းချင်းကြား ပိုမိုသွေးစည်းညီညွတ်ရေး၊ ဘုံရန်သူကို အတူတကွ တွန်းလှန်ချေမှုန်းရေး၊ ZZLMS နယ်မြေတည်ငြိမ် အေးချမ်းရေး ၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရေး တို့ကိုလည်း ကြိုးပမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခု ကျင်းပခဲ့သည့် ZZLMS၏ ပူးပေါင်းစစ်ရေးလေ့ကျင့်နိုင်ရေး ကူညီပေးသူများနှင့် လေ့ကျင့်မှုပြီးဆုံးသည်အထိ ပေါင်းစပ်ကာ လေ့ကျင့်ခြင်းဖြင့် မဟာမိတ်ညီ‌နောင်များ အကြားသွေးစည်းညီညွတ်မှုကို ဖော်ပြခဲ့ကြသော ZZLMS တပ်ဖွဲဝင်များ၊ မဟာမိတ်ညီနောင်များအကြား စည်းလုံးညီညွတ်ရေးကို ‌ရှေးရှုကာ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုအား တာဝန်ယူဆောင်ရွက်ပေးကြသော တာဝန်ရှိပုဂ္ဂိုလ်များကိုကျေးဇူးတင်ကြောင်းလည်း ဖော်ပြသည်။

ZZLMSသည် ဇူလိုင် ၂၀ရက်ကလည်း ကြေညာချက် တရပ်ထုတ်ပြန်ပြီး ချင်းလက်နက်ကိုင်အချင်းချင်းအကြား အမြင်မတူ သဘောထား ကွဲလွဲမှု၊ ပဋိပက္ခတို့ကို အပြန်အလှန် တိုက်ခိုက်ခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် အချင်းချင်း ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

ZZLMS အဖွဲ့ဝင်များသည် ချင်းအမျိုးသားတပ်မတော်(CNA)အပါအဝင် အခြား ဒေသကာကွယ်ရေးတပ်များနှင့် အတူပူးပေါင်းပြီး စစ်ကောင်စီစခန်းနှင့် မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့သည့် တပ်ဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း