Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက်မန္တလေးမှာလူသစ်စုဆောင်းနေ

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် တပ်သားသစ်စုဆောင်း ဖို့ လူငယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာတွေ အခုရက်ပိုင်းမှာ ရှိလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အပတ်စဉ် ၁၆ မှာ စုဆောင်းခံရတဲ့ တပ်သားသစ်တွေကိုတွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီ

သြဂုတ် – ၂၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် တပ်သားသစ်စုဆောင်း ဖို့ လူငယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာတွေ အခုရက်ပိုင်းမှာ ရှိလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

အခုရက်ပိုင်းအတွင်း လူငယ်တွေရှိတဲ့နေအိမ်တွေဆီ စုရပ်မှာ မဲလာနှိုက်ဖို့ အကြောင်းကြားစာတွေပေးပို့လာတာဖြစ်ပြီး ရပ်ကွက် ဓမ္မာရုံ ၊ ရပ်ကွက်ရုံးတွေမှာ စုရပ်လုပ်ပြီး မဲနှိုက်စေတာပါ။

“ ၃ ရပ်ကွက်လောက် ပေါင်းနှိုက်ရတာ ၊ မလာရင် သူတို့ဘာသာနှိုက်မယ်ဆိုလို့ ကျမသားအစား သွားနှိုက်ရတယ်၊ သားကတော့ ဒီတစ်ကြိမ်မပါဘူး”လို့ ချမ်းအေးသာစံမြို့နယ််မှာနေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းမဲနှိုက်ဖို့ မပျက်မကွက်လာရောက်ရမှာဖြစ်ပြီးကာယကံရှင် မလာနိုင်ရင်အသက် ၁၈နှစ်ပြည့်ပြီးအိမ်ထောင်စုဇယားမှာပါဝင်သူက ကိုယ်စားမဲနှိုက်ရမှာ ဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ဖိအားပေးထားတာပါ။

ကာယကံရှင်လည်းမလာ ၊ ကိုယ်စားမဲနှိုက်သူလည်းမရှိရင်တော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက မဲနှိုက်မှာဖြစ်ပြီး မဲပေါက်ရင် အိမ်တိုင်ရာရောက်လိုက်လံခေါ်ဆောင်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၇ ရက် မနက်ပိုင်း ၉ နာရီကစတင်ပြီး ချမ်းအေးသာစံမြို့နယ်နဲ့မဟာအောင်မြေမြို့နယ်ကရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇ )အတွက် စတင် မဲနှိုက်စေပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ ကြေညာထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် သြဂုတ်လ ၁၈ ရက် က အပတ်စဉ် (၁၆) ကို စတင်ထားပါတယ်။

အပတ်စဉ် (၁၃) အထိ သင်တန်းဆင်းထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်သွားသူတွေ လည်းရှိနေပါတယ်။

စစ်မှုထမ်းဥပဒေကိုစစ်ကောင်စီကပြဌာန်းလိုက်တဲ့ပြီးခဲ့တဲ့နှစ် ဖေဖော် ဝါရီလ ကစတင်ပြီး ပြည်တွင်းက မြန်မာလူငယ်လူရွယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပ ကို အလုံးအရင်းနဲ့ထွက်ခွာသွားကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။