Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်ကောင်စီတပ်တွေကို သုံးရက်ဆက် တိုက်ခိုက်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှလာတဲ့ စစ်ကောင်စီတပ်သားတွေကို သုံးရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ဦးပိုင်လီမိတက်ပိုင် ဆီအုန်းခြံရှိ စစ်ကောင်စီတပ်တွေ ကာကင်းယူထားတဲ့ အဆောက်အအုံတချို့ကို တွေ့ရစဥ်။

စက်တင်ဘာ-၁၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှလာတဲ့ စစ်ကောင်စီတပ်သားတွေကို သုံးရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ကံပေါက်ဒေသရှိ ဦးပိုင်ဆီအုန်းခြံအနီးနဲ့ သြဂုတ် ၂၈ ရက်က ဆယ်အိမ်စုရွာအနီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင်နှစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က အသိပေးပါတယ်။

ဩဂုတ် ၂၅ ရက်တိုက်ခိုက်မှုမှာ မောရဝတီရေတပ်ဌာနချုပ်ဘက်ကနေ ဂန့်ဂေါ်တောင် ရထားဘူတာ၊ ဦးပိုင်ဆီအုန်းခြံအနီးတွင် ကာကင်းလာယူတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဩဂုတ် ၂၆ ရက်မှာလည်း ဦးပိုင်ဆီအုန်းရုံးမှာ တန်းစီအပြီး စစ်ကောင်စီတပ်သားတွေ စုဝေးနေချိန် Drone ဗုံးသီးချ တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသဖြင့် အရေးပေါ်ကားနှစ်စီးနဲ့မောရဝတီရေတပ်သို့ ပို့ဆောင်လိုက်ရတယ်လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က ဖော်ပြပါတယ်။

“ထိခိုက်သေဆုံးမှု ရှိတယ်ဗျ။ အတိအကျတော့ မသိရသေးပါ။ စုံစမ်းနေဆဲမို့။ အဲဒီဆီအုန်းခြံမှာ တပ်စွဲတာမျိုးတော့ မရှိဘူး။ ကာကင်းလာယူတာပဲရှိတယ်”လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်အခြေအနေကို လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၇ ရက်မှာ ဦးပိုင်ဆီအုန်းခြံကနေ ဆယ်အိမ်စုကျေးရွာဖက်သို့ အင်အား ၁၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက ညနေ ၃ နာရီမှာတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်အရာရှိ ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့က အသိပေးပါတယ်။

“မောရဝတီရေတပ်နဲ့ ဆယ်အိမ်စုရွာက ၁၈ မိုင်လောက်တော့ ဝေးမယ်ထင်တယ်ဗျ။ အခုရက်ပိုင်း အဲဒီတပ်ကနေ ဆယ်အိမ်စုဘက်ကို အင်အားတွေ ထပ်တိုးလာနေတယ်။ ခန့်မှန်းဆိုရင် ၅၀၀ လောက်တောင်ရှိမလားပဲ”လို့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အထက်ပါ ၃ ရက်ဆက်တိုက်ခိုက်မှုတွေကို ဒေါနတပ်ခွဲ – ၆ ဖြစ်တဲ့ ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့၊ ဒေါနတပ်ခွဲ – ၇ (L.P.F)၊ ဗထူးတပ်မတော်(B H.A)၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(D.DPDF)၊ ဇင်ယော်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။