Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးတွင် စစ်တပ်စစ်​ကြောင်းကို PDF၊KNLA ပူးပေါင်းတပ် တိုက်ခိုက် ဗိုလ်ကြီးအပါအဝင် တပ် ၈ဦး သေ၊လက်နက် ၈လက်ရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ- အမှတ်(၂)စစ်ဆင်​ရေးနယ်​မြေ

စက်တင်ဘာ-၃၊၂၀၂၅။ထားမြတ်၊​ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များကစက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် (၈)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ- အမှတ်(၂)စစ်ဆင်​ရေးနယ်​မြေ

“တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က အလောင်းရရှိမှုက စစ်ကောင်စီ ဗိုလ်ကြီးအဆင့်တဦး အပါအဝင် ၈ ဦးထက်မနည်းကိုလည်း ရရှိခဲ့တယ်။ ဖော်ပြထားတဲ့အတိုင်း RPGနဲ့ လက်နက်ငယ်တွေလည်းရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက လက်နက်ငယ် (၇)လက်၊ RPG (၁)လက် နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းအချို့ သိမ်းရခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စိုးမိုးနယ်‌‌မြေအတွင်းသိုစစ်ကြောင်းထိုး ဝင်ရောက်လာသည့်စစ်ကောင်စီ စစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ်(၃၅၀၂) တပ်ရင်း နှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့နယ်ကတော့ကျောက်ကြီးမြို့နယ်ပေါ့။ ကျနော်တို့ဆီကို စစ်ကြောင်းထိုးလာတာကလည်း လက်ရှိ ကျောက်ကြီးမြို့နယ် အခြေစိုက် တပ်ရင်းနဲ့ ပျူစောထီးတွေကပဲ လာပြီး ကျနော်တို့ဆီကို စစ်ကြောင်းထိုးတာ။ ရန်သူအင်အားကလည်း ၁၀၀ လောက်ပါတယ်” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်းစစ်သား (၈)ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားဟုဆိုသည်။​

“အပြီးမှာ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်တာခံခဲ့ရတယ်။သို့သော်လည်း ကျွန်တော်တို့မှာ အထိအခိုက်မရှိ အဆင်ပြေခဲ့ပါတယ်”ဟု အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊သတင်းနှင့်ပြန် ကြားရေးတာဝန်ခံသည်။

လက်ရှိ ပဲခူးတိုင်းတွင် စစ်ကောင်စီက ပေါင်းတည်၊ရေတာရှည်နှင့်တောင်ငူမြို့နယ်တို့တွင်စစ်ကြောင်းထိုးလှုပ်ရှားမှုများလည်း ရှိနေသည်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနအနေဖြင့် တိုင်းစစ်ဌာနအတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ်ကြောင်းယခင်ကတည်းက အသိပေးထားသည်။ ပြီးခဲ့သည့် လများအတွင်းကလည်း ကျောက်ကြီးအပါအဝင် ပဲခူးတိုင်းစစ်ဌာနနယ်မြေ၌ စစ်တပ်စခန်းများကို KNLA ၊PDF ပူး​ပေါင်းတပ်များက တပြိုင်တည်း တိုက်ခိုက်သည့် စစ်ဆင်ရေးများလည်း ဖော်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

Facebook