Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာမိန်းကလေးပါတဲ့ ဓားပြအဖွဲ့ကနေအိမ်တအိမ်ကို ဓားပြတိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့နေ့လယ်ပိုင်းက မိန်းကလေးပါတဲ့ ဓားပြအဖွဲ့က နေအိမ်တအိမ်ကို ဓါးပြတိုက်သွားကြောင်း သတင်းရရှိပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကမုံရွာမြို့ကိုအ​ပေါ်စီးက​ တွေ့ရစဥ် ဓာတ်ပုံ-CJ

စက်တင်ဘာ-၃၊၂၀၂၅။​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့နေ့လယ်ပိုင်းက မိန်းကလေးပါတဲ့ ဓားပြအဖွဲ့က နေအိမ်တအိမ်ကို ဓါးပြတိုက်သွားကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ထန်းတောရပ်၊ ရွှေသိမ်တော်ဘုရားကုန်း အတွင်းလမ်းက နေအိမ်တအိမ်ကို လူ ၄ ယောက်က ဓါးပြလာတိုက်သွားကြောင်း၊ ဆွဲကြိုး၊ နားကပ်၊ ငွေသားနဲ့ စကူဖီဆိုင်ကယ်တစီး ပါသွားကြောင်း ဒေသခံတချို့က ပြောပါတယ်။

“ဓားပြလာတိုက်တာက ယောကျာ်း ၃ ဦးနဲ့ နောက်တယောက်ကတော့ မိန်းမပါတယ်ပြောတယ်။မုံရွာမှာက တခုပြီးတခုဖြစ်နေတာ။ မထူးဆန်းတော့ဘူး။”လို့ မုံရွာမြို့ခံတဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်လို့ ဆုံးရှုံးသွားတဲ့ ပမာဏကိုတော့ မသိရသေးပါဘူး။ မုံရွာမြို့ပေါ်မှာ ဓါးပြမှုတွေအပြင် ပြန်ပေးဆွဲမှု၊ ဓါးပြမှုတွေလည်း ဖြစ်ပွားနေပြီး အဲဒီကျူးလွန်သူတွေထဲမှာ မိန်းကလေးတွေပါ ပါဝင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တခါ အလုခံရတုန်းကဆိုရင် မိန်းကလေးပါပါတယ်။ လုတဲ့ထဲ။ မထင်ရဘူး”လို့ မုံရွာဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတော့ မုံရွာမြို့မှာ ရွှေဆိုင်အပါအဝင် တခြားနေရာတွေကို ဓားပြတိုက်ခဲ့တဲ့သူတချို့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက် ဓါးပြတိုက်မှုတွေဖြစ်ပွားနေပြီး ကျူးလွန်သူတွေကို စစ်တပ်က ဖမ်းဆီးတာမျိုး မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင်စစ်အုပ်စုကပြည်သူတွေကိုစစ်ဆေးငွေညှစ်တာ၊စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေလည်း ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။