Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကို အဆုံးစီရင်

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ၏ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကိုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စက်တင်ဘာ-၃၊၂၀၂၅။ဇော်ဝင်း/People’sSpring

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ၏ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဗိုလ်အဆင့်ရှိသူ မြတ်ကိုကိုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(စက်တင်ဘာ ၃ရက်)က ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ကူးတံတားတွင်လုံခြုံရေးကျနေစဉ်ကိုယ့်ကိုယ်ကို သေနတ်ဖြင့်ပစ်သတ် အဆုံးစီရင်ခဲ့ခြင်းဟု စုံစမ်းသိရသည်။

မြတ်ကိုကိုသည် လေတပ်မှ ဗိုလ်အဆင့်ရှိသူဖြစ်ပြီး ယမန်နေ့(စက်တင်ဘာ၂ရက်)ညပိုင်းက လေတပ်အရာရှိသည် မြတ်ကိုကို နေထိုင်ရာသို့ရောက်လာပြီး ဖိအားပေးမှုများရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆုံးမစီရင်မီက စစ်ကောင်စီလက်အောက်တွင် အလုပ်ဆက်မလုပ်လို​တော့​ကြောင်း၊ ဖိအားများကြောင်းနှင့် CDM လည်းမလုပ်နိုင်ကြောင်း မြတ်ကိုကိုက ပြောဆိုခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ကြားတာတော့ ကြားတယ်။ကျွန်တော်တို့ဘက်က အသေးစိတ်အတည်ပြုနေဆဲပဲ”ဟုဟုမ္မလင်း အခြေစိုက်ရဲဘော်တဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်ကလည်း “စကစရဲ့ခြေလျှင် ၊ခြေမြန်တပ်များရှိ အရာရှိ စစ်သည်များလည်း အဆုံးစီးရင်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများ၊ လူမသိသူမသိ များပြားစွာ ရှိနေပါတယ်”ဟု ပြောသည်။

သြဂုတ်ကလည်း ခင်ဦးမြို့နယ်တွင် တပ်သားအောင်ဖြိုးကိုက ဗိုလ်ကြီးကျော်သူလှိုင်အား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် တပ်သား အောင်ဖြိုးကိုလည်း ပြန်အသတ်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကောလင်းမြို့နယ်တွင်လည်း တပ်ကြပ်ကြီး အပါအဝင် လေးဦးကို တပ်သားတဦးကသတ်ဖြတ်ပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ထားသည့် ဖြစ်စဥ်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook