Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိ

ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။

ကရင်နီ​ပြည်အတွင်း စစ်ရှောင်ပြည်သူများကို တွေ့ရစဥ်။ ဓာတ်ပုံ −Satt Naung

စက်တင်ဘာ−၈ ၊၂၀၂၅။ရဲခေါင် /People’s Spring

ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။

ယခု ရွှေ့ပြောင်းရသူများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ရှောင်ခဲ့ရသူများဖြစ်ကာ ယခုနှစ် ဇူလိုင် နှင့် သြဂုတ်လတို့တွင် ထပ်မံရွှေ့ပြောင်းခြင်းများပြုလုပ်နေရသည်ဟု ဆိုသည်။

စစ်ဘေးရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ယာယီနေထိုင်နိုင်ရေးအတွက်လိုအပ်ချက်များသည် အမြင့်မားဆုံးအခြေအနေကို ရင်ဆိုင်ခံစားနေရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စားနပ်ရိက္ခာနှင့် ဝင်ငွေရလမ်းကြောင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူထုနှင့် စစ်ရှောင်များဝင်ငွေရရှိမှုရပ်တန့်ခြင်း နှင့် မိသားစုများစားဝတ်နေရေးဖြေရှင်းရန် စိန်ခေါ်မှုများရှိလာကာ ရေရှည်တွင် အငတ်ဘေးကြုံလာနိုင်ကြောင်း KnHRG က သတိပေးသည်။

ကြုံတွေ့နေရသည့် အကျပ်အတည်းကို အရေးပေါ်အခြေအနေအဖြစ် အသိအမှတ်ပြုရန်နှင့် ပြည်နယ်အတွင်းဆိုးရွာလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကိုလျော့ပါးစေရန် နိုင်ငံတကာအသိုင်း အဝိုင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က တောင်းဆိုထားသည်။

“လူမှုဘဝ လုပ်ကိုင်စားသောက်လို့မရအောင် အစီ အမံနဲ့ လုပ်နေတယ်ပြောရမယ်။စားနပ်ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့တယ်။စစ်ကြောင်း ထိုးတယ်။စစ်ကြောင်းထိုးမရတဲ့နေရာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတယ်။လူမှုစီးပွားပျက်အောင် လုပ်နေတယ်လို့ ပြောရမယ်”ဟု IEC တွဲဖက်အတွင်းရေးမှူးဦးဗညားက ပြောသည်။

ပြည်နယ်အတွင်း ကြပ်တည်းနေသည့် စစ်ရှောင်အရေးအကူအညီပေးရန်နှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်မှုအတွက် နိုင်ငံတကာအသိုင်း အဝိုင်း၏ ထူးခြားသည့် တုံ့ပြန်မှု မျိုးမရရှိသေးကြောင်း ၎င်းက ဆိုသည်။

ကရင်နီပြည်၌ သြဂုတ်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး နှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၅၀ ဝန်းကျင်ဒဏ်ရာရပြီး ၃၅ ဦးသေဆုံးခဲ့ရကြောင်း KnHRG က ဖော်ပြသည်။

“စစ်တပ်က သူတို့ပြန်ရတဲ့ ဖယ်ခုံ တို့ မိုးဗြဲတို့ လွိုင်ကော် မြို့ပေါ်တွေကို ပြန်လာဖို့အတွက် တောထဲက စစ်ရှောင်တွေကို ဗုံးတွေနဲ့ ဖိအားပေးတာပေါ့။ဒါကလည်း အရင်ကတည်းကပါ။အခုက ရွေးကောက်ပွဲ နီးလာတော့ ပိုပိုဆိုးလာတယ်။နောက်ပြီးပြီးခဲ့တဲ့ရက် ပိုင်းကမော်ချီး ဘက်ကနေ လွိုင်ကော် ပြန်နေတဲ့ သူ ခြောက်ယောက် လောက်ဖမ်းခံရတာ ရှိတယ်”ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် စစ်ရှောင်စခန်း၊စာသင် ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလေကြောင်းတိုက်ခံရမှုမှ ရပ်တန့်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေယာဥ်ဆီရရှိနေသည့်လမ်းကြောင်း များဖြတ်တောက်ပေးရန် ၊အရပ်သားများအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးရန် နှင့် စစ်ရာဇဝတ်မှုကျူး လွန်နေသည်ကိုအရေးယူပေးရန် IEC က တိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆို မြို့နယ်တို့တွင် စစ်ကြောင်းထိုးနေပြီး အရေးပေါ်​ ရွှေ့ပြောင်းရသူများရှိသည်။ထို့အပြင် နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများစိုး မိုးရာနယ်မြေများက စစ်ကောင်စီက ဆက်တိုက်ထိုးစစ် ဆင်နေသည်။

ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။