Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမှာ စစ်တပ်က လေထီးနဲ့ဗုံးကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ရွာတွေကို စက်တပ်လေထီးနဲ့ဗုံးလာကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်က စက်တပ်​လေထီး​နဲ့ ကြဲချတဲ့ ဗုံးသီးထိမှန်ပြီး သေဆုံးခဲ့တဲ့လူငယ်တဦးနဲ့ ငို​ကြွေး​နေတဲ့မိခင်။ ။ဓာတ်ပုံ - CJ

စက်တင်ဘာ-၈၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ရွာတွေကို စက်တပ်လေထီးနဲ့ဗုံးလာကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

အုတ်ဖိုနယ်၊ ကိုင်းကြီးရွာ၊ ဒေါင်းကြီးရွာနဲ့ ချင်းစုရွာတွေကို စစ်ကောင်စီတပ်က စက်တပ်လေထီး (ပါရာမော်တာ)တွေသုံးပြီး စက်တင်ဘာ ၇ ရက်နေ့ညနေ ၅ နာရီခွဲလောက်မှာ ဗုံးသီးခုနစ်လုံး လာကြဲခဲ့တာပါ။

“ချင်းစုရွာက ယောကျ်ား​ လေးသုံးယောက်သေတယ်။ပြီးတော့ဒေါင်းကြီးရွာကယောကျ်ားလေးတယောက်၊ မိန်းကလေးတယောက် ဒဏ်ရာရတယ်။ ပြီးတော့နွားတကောင်သေတယ်”လို့ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ရဲ့စက်တပ်လေထီးတွေဟာ အုတ်ဖို့မြို့နယ်အစပ်၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာရှိတဲ့ အလယ်ကုန်းကျေးရွာဘက်ကနေ လာရောက်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလိုဗုံးလာကြဲသွားတာလို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

ပြည်သူတွေကိုမှတ်ထားပြီးလာရောက်ကြဲချခဲ့တဲ့ဗုံးသီးတွေဟာ ဒေါင်းကြီးရွာမှ နေအိမ်အချို့ပေါ်ကို ကျရောင်ပေါက်ကွဲခဲ့ပြီးပြည်သူတွေထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း အုတ်ဖိုမြို့ နယ်၊ အိုင်ကြီးဒေါင့်ရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ နေအိမ်တလုံးပေါ်ကျရောင်ပေါက်ကွဲပြီးကလေးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရကာဆေးရုံတက်ကုသမှုခံယူခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။