Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF တာဝန်ရှိသူတွေ သပိတ်ကျင်းက စစ်ရှောင်ပြည်သူတွေကို သွားရောက် အားပေး

မန္တလေး PDF တာဝန်ရှိသူတွေ သပိတ်ကျင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက် အားပေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

MDY PDF တာဝန်ရှိသူများအား စစ်ရှောင်ပြည်သူများ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသူများအား သွားရောက်အားပေးနေစဥ်။ ဓာတ်ပုံ-MDY PDF

စက်တင်ဘာ ၁၂၊ ၂၀၂၅ People’s Spring

မန္တလေး PDF တာဝန်ရှိသူတွေ သပိတ်ကျင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက် အားပေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။

မန္တလေး PDF ဟာ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်ပြည်သူတွေဆီသွားပြီး အားပေးစကားပြောတာတွေ၊ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သပိတ်ကျင်းမြို့နယ်ရှိ လေကြောင်းတိုက်ခ်ိုက်မှုဒဏ်ခံခဲ့ရတဲ့ ပြည်သူလူထုကို မန္တလေး PDFရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ တာဝန်ရှိသူတွေက လိုက်လံတွေ့ဆုံပြီး အားပေးနှစ်သိမ့်တာတွေ ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ်မှာ စစ်တ​ပ်ကစက်တင်ဘာ ၇ ရက်၊ ၉ ရက်နဲ့ ၁၁ ရက်တွေကတိုက်ပွဲမဖြစ်ဘဲ လေကြောင်းနဲ့ လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ကမ်းပါးနီကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ကျောက်ဖြူကျေးရွာတွေက ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာပြည်သူ့နေအိမ်တွေတင်မကဘဲစာသင်ကျောင်းတွေ၊ ​အခြားစာသင်နေတဲ့နေရာတွေပါ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

Facebook