Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် စစ်တပ်လက်အောက်ခံပျူစောထီးတဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာနေ ပျူစောထီးအေးမင်းထွန်းဆိုသူ ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရပြီး​သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ-၁၃၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာနေ ပျူစောထီးအေးမင်းထွန်းဆိုသူ ​သေနတ်ဖြင့်ပစ်ခတ်ခဲ့ရပြီး​သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်မနက် ၇ နာရီလောက်က ပျူစောထီးလို့ဆိုသူ အေးမင်းထွန်းဟာယာတဲသို့သွားရန် ပန်းသင်းပင်ရွာပြင်သို့ ထွက်လာစဥ်တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှရဲဘော်များကစောင့်ကြိုပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ က ဒီကနေ့ စင်တင်ဘာ ၁၃ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီပျူစောထီးအေးမင်းထွန်းဟာပန်းသင်းပင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာရှိတဲ့ပြည်သူတွေထံက ကိုင်သတ်ဆေးပုံး၊ ဆန်၊ ဆီ၊ ငါးနှင့် အခြားဟင်းမျိုးစုံတို့ကို စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုချင်တာမှန်သမျှ အကုန်သိမ်းယူပြီး အာဏာရှင်အလိုကျလုပ်ကိုင်နေတာကြောင့်အခုလိုပြတ်ပြတ်သားသားအရေးယူလိုက်တာလို့ တပ်ရင်း ၃၆၀၁ က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီပျူစောထီး အေးမင်းထွန်းက စကစတွေနဲ့နဲ့အတူလိုက်ပြီး ကိုယ်တိုင်သိမ်းဆည်းတာ။ အခုမှ အဲလိုလုပ်နေတာမဟုတ်ဘူး၊ ကြာပြီ ၂ နှစ်လောက်ရှိပြီ”လို့ တပ်ရင်း ၃၆၀၁ ရဲ့ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူကိုဒုက္ခအမျိုးမျိုး​ပေးနေတဲ့ စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်တိုင်တွေကို အခုလို ပြတ်ပြတ်သားသားအရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်လျှက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့က ညောင်ပင်နီအုပ်စု၊ ညောင်နီပင်ရွာနဲ့ ကျောင်ကြီးတောင်ရွာကြားသို့ အင်အား ၉၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် သားများကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ မှ ပဒေ သာမိုင်းလေးလုံးဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက် ခိုက်ခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးကာ (၅)ဦး အပြင်းထန်ဒဏ်ရာသွားတယ်လို့ တပ် ရင်း ၃၆၀၁ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook