Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခံရမှု ကျူးလွန်သူအမည်မပါဘဲ UNICEF စိုးရိမ်ကြောင်း စာထုတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘော်ဒါဆောင်ကျောင်းကို ညနက်သန်းခေါင် တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိတဲ့ သတင်းတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူများ။ ဓာတ်ပုံ - ဝေဟင်အောင်

စက်တင်ဘာ-၁၃၊ ၂၀၂၅။ People’s Spring

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘော်ဒါဆောင်ကျောင်းကို ညနက်သန်းခေါင် တိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရရှိတဲ့ သတင်းတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းကို ရက်စက်စွာတိုက်ခိုက်မှုကြောင့် ကလေးငယ်များသေဆုံးမှုအတွက် UNICEF က သဘောထားကြေညာချက်ထုတ်ပြန်ပေမယ့် အဲဒီတိုက်ခိုက်မှုကို ကျူးလွန်သူကို ဖော်ပြခြင်းမရှိပါဘူး။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းစာ သင်ကျောင်းတွေကို စစ်

Public Service Announcement

Public Service Announcement

ကောင်စီက စက်တင်ဘာ ၁၂ရက် မနေ့ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖြစ်စဥ်ဖြစ်ပွားအပြီး နာရီပိုင်းအကြာမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီး သေဆုံး၊ ဒဏ်ရာရခဲ့​တဲ့ ​ကျောင်းသား၊​ ကျောင်းသူတွေရဲ့ အမည်၊ ဓါတ်ပုံနဲ့ အချက်အလက်အ​သေးစိတ်ကိုပါ ထပ်မံထုတ်ပြန်အသိပေးပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကလည်း​ ဗုံးကြဲခံရပြီး သေဆုံးသူတွေဟာ ကျောင်းသား၊​ကျောင်းသူများမဟုတ်ဘဲ စစ်သင်တန်းတက်​နေသူတွေဆိုပြီး သတင်းအမှားဖြန့်​ဝေ​ကာ စစ်ကောင်စီက အဆိုပါအစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြဝန်ခံခဲ့ကြပါတယ်။

ဒီနေ့ မနက်ပိုင်းအထိ သေဆုံးခဲ့​တဲ့ ကျောင်းသား၊​ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်ကနေ အသက်အကြီးဆုံး ၂၁ နှစ်အထိ ပါဝင်တာတွေ့ရပါတယ်။ အသက် ၁၆ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ်​ကျောင်းသားအများဆုံးဖြစ်ပြီး Grade-8 ကနေ Grade-12 တို့မှာ ပညာသင်ယူ​နေကြတဲ့ ​ကျောင်းသား ​ကျောင်းသူတွေဖြစ်ပါတယ်။ ​​ သေဆုံးသူ ၁၉ ဦးမှာ ​​ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာ​ ကျောင်းသားတွေဖြစ်ပါတယ်။

UNICEF ကတော့ အဆိုပါတိုက်ခိုက်မှုရဲ့ လက်သည်တရားခံအမည်ကို ဖော်ပြခြင်းမရှိပေမယ့် တိုက်ခိုက်မှုဟာ ရခိုင်ပြည်နယ်မှာ ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုပုံစံတရပ်ဖြစ်ပြီး ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အဆိုးရွားဆုံး အကျိုးဆက်တွေကို ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာမှုတွေ မြင့်မားလာမှုနဲ့အတူ ရခိုင်ပြည်နယ်တဝှမ်းရှိ မိသားစုတွေဟာ ပြင်းထန်တဲ့ ဒုက္ခတွေ၊ အစားအသောက်ရှားပါးမှုတွေနဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေ ပြိုလဲခြင်းတို့ကိုလည်း ရင်ဆိုင်နေရတယ်လို့ UNICEF က ဆိုပါတယ်။

ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရမယ်လို့ UNICEF က ဖော်ပြပါတယ်။ ဘယ်အဖွဲ့အစည်းကို တောင်းဆိုတယ်ဆိုတာတော့ မပါရှိပါဘူး။

ပဋိပက္ခမှာပါဝင်သူတွေအနေနဲ့ နိုင်ငံတကာဥပဒေအရ ကလေးငယ်တွေအပါအဝင်အရပ်သားတွေကို ကာကွယ်ဖို့၊ အရပ်သားအဆောက်အဦတွေကို စောင့်ရှောက်ဖို့နဲ့ အကူအညီတကယ်လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ အသက်ကယ်အကူအညီတွေ ရောက်ရှိဖို့ ခွင့်ပြုပေးရမယ်လို့ UNICEF က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။