Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် ပြည်ထောင်စုလမ်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေ

ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။

ရေးဘီလူးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ − ရေးဘီလူး

စက်တင်ဘာ−၁၄၊၂၀၂၅။ဇော်ဝင်း /People’s Spring

ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် ကနင်ကမော့နဲ့ မော့ကနင်ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

“အရင်လွန်ခဲ့တဲ့ နှစ်​ပတ်လောက်က ထိတော့ ကျွန်တော်တို့က ရန်ကုန်−ထားဝယ်လမ်းပိုင်းကို အလုံးစုံထိန်းချုပ်ထား နိုင်ပေမယ့် အခုက တော့ ၅၀ ၊ ၅၀ အခြေအနေ ဖြစ်တယ်။တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ”လို့ ရေးဘီလူးခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက သြဂုတ်လဆန်းကစပြီး အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေတာလို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာ ခမရ (၄၀၉)၊ခမရ (၄၀၈)၊ခမရ (၄၁၀)၊ခလရ ၄၀၇၊ခလရ (၂၈၂)၊ခလရ (၂၇၃)တပ်ရင်းနဲ့ မောရဝတီရေတပ် စခန်းက တပ်သားတွေ ပါဝင်တယ်လို့သိရပါတယ်။

​သြဂုတ်နောက်ဆုံးပတ်က အမှတ်(၈)ပြည်ထောင်စု လမ်းမကြီးရဲ့ ရေဖြူမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေအပါအဝင် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက အရှင်ဖမ်းဆီရမိထားပါတယ်။

“အမှတ်(၈) ပြည်ထောင်စုလမ်း(မော်လမြိုင်-ရေး-ထားဝယ်)ကို ဒီ သုံးလအတွင်း သူတို့အပြီးထိန်းချုပ်ဖို့အစီစဥ်ရှိတယ်”လို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ ရည်ရွယ်ချက်ကို နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးမှူး စောဒါးကိုက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းပေါ်က ကျေးရွာ ခုနစ်ရွာက ဒေသခံ ပြည်သူ ၅,၀၀၀ ထက်မနည်းစစ်ရှောင်နေရပြီး သေဆုံးသူတွေအပြင် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူ တွေရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။