Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော် လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရ ကျောင်းသားတဦး ထပ်မံသေဆုံး၊ သေဆုံးသူ ကျောင်းသား၊ ကျောင်းသူ ၂၀ဦးအထိရှိလာ

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျောင်းသား တဦး ထပ်မံ သေဆုံးခဲ့လို့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ဦး ရှိလာကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၁၄၊ ၂၀၂၅။ ရှိုင်း/People’s Spring

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ကျောင်းသား တဦး ထပ်မံ သေဆုံးခဲ့လို့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ဦး ရှိလာကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၁၁ရက်ညသန်းခေါင်(စက်တင်ဘာ ၁၂ရက် မနက် အစော)မှာ သရက်တပင်ကျေးရွာကို ဖျက်အားပြင်းပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၉ဦး သေဆုံးကာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပြည်သူ ၂၂ ဦးဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေရတဲ့ Grade 11 ကျောင်းသား အသက် ၁၇အရွယ် မောင်အောင်ငြိမ်းဖြိုးဟာ မနေ့က စက်တင်ဘာ ၁၃ရက် နံနက်မှာ အသက်ဆုံးပါးခဲ့ရကြောင်း AAက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အေးချမ်းစွာ ပညာသင်ယူဆည်းပူးနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အသက်သေဆုံးအောင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်တာတွေကို နေ့စဉ်လုပ်ဆောင်နေကြောင်း AAက ထုတ်ပြန်ထားပြီး တရားမျှတမှု ရရှိဖို့ လက်တုန့်ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်အုပ်စုက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ငယ်ရွယ်တဲ့ကျောင်းသားကျောင်းသူတွေ အသက်ဆုံးရှုံးရတဲ့အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း ဒီကနေ့ စက်တင်ဘာ ၁၄ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းနဲ့ တွေ့ဆုံတဲ့ သတင်းထုတ်ပြန်ရာမှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ကျောင်းသား၊ကျောင်းသူတွေအိပ်မော ကျနေချိန် ညသန်းခေါင်ကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ကျောင်းသားကျောင်းသူတို့ရဲ့ အပြစ်မဲ့အိပ်မက်တွေ ဆုံးရှုံးပျက်စီးသွားခဲ့ရတယ်လို့လည်း ယာယီသမ္မတက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေသလို တဖက်မှာလည်း နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့် လုပ် ဆောင်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။