Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာသူခိုးတွေသောင်းကျန်းနေပြီးနေအိမ်ဝင်းတံခါးတွေဖျက်ပြီးဆိုင်ကယ်တွေဝင်ခိုးနေ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ သူခိုးတွေသောင်းကျန်းနေပြီး ဝင်းတံခါးတွေ၊ နေအိမ်တံခါးတွေကိုပါဖျက်ပြီး ဆိုင်ကယ်တွေ ဝင်ခိုးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့လယ်တနေရာအားတွေ့ရစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ သူခိုးတွေသောင်းကျန်းနေပြီး ဝင်းတံခါးတွေ၊ နေအိမ်တံခါးတွေကိုပါဖျက်ပြီး ဆိုင်ကယ်တွေဝင်ခိုးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်ညက မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဘူတာလမ်း၊ ဒေါ်မယ်လမ်းကြားမှာရှိတဲ့ နေအိမ်တအိမ်ကို ဝင်းတံခါးကိုဖျက်ဝင်ပြီးစကူဖီအမျိုးအစား ဆိုင်ကယ် ၃ စီးလုံးကို ခိုးယူသွားကြောင်း ရပ်ကွက်ခံတချို့က ပြောပါတယ်။

“အိမ်ဝင်းထဲ ထိဝင်ခိုးသွားတာ။ လမ်းထိပ်က သံတံခါးလဲဖျက်ဝင်တယ်။အိမ်ဝင်းတံခါးလည်းဖျက်ဝင်ပြီး ခိုးခံလိုက်ရတာ”လို့ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စက်တင်ဘာ ၁၁ ရက်ညကလည်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ယုဇနလမ်းက တိုက်တစ်တိုက်မှာလည်း အိမ်ဝင်းတံခါးရော၊ တိုက်တံခါးပါဖျက်ပြီး ကလစ်ဆိုင်ကယ်နဲ့ စကူဖီဆိုင်ကယ်တွေကို ခိုးယူသွားကြောင်း ရပ်ကွက်ခံတချို့က ပြောပါတယ်။

“မိုးရွာကြီးထဲကို ဝင်းတံခါးကောတိုက်တံခါးပါဖျက်ပြီး ခိုးသွားတာ။”လို့ အခိုးခံလိုက်ရတဲ့အိမ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သူခိုးတွေကိုတော့ စစ်ကောင်စီတပ်က ဖမ်းဆီးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ဓါးပြတိုက်၊ ပြန်ပေးဆွဲမှုတွေလည်း ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး လုံခြုံရေးကင်းမဲ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခိုးဆိုးလုနှိုက်တွေကိုတော့ ဖမ်းဆီးခြင်းမရှိဘဲ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေပြီး ယခုစက်တင်ဘာလဝက်အတွင်း လူငယ်အများအပြား ပေါ်တာဆွဲခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook