Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့နယ်စာသင်ကျောင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ဆက်စပ်တဲ့အချက်အလက်တွေကို ကုလယန္တရား တောင်းခံ

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

စစ်တပ်ဗုံးကြဲမှု​ကြောင့်​သေဆုံးခဲ့တဲ့​​ကျောင်းသား​ကျောင်းသူများ။ဓါတ်ပုံ-AA Info Desk

စက်တင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)ဟာ စက်တင်ဘာ ၁၂ ရက်က ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊သရက်တစ်ပင်ကျေးရွာရှိကျောင်းအဆောက်အဦ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်အကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားမျှဝေဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးသေဆုံးသူ ၂၀ ဦးရှိပြီး အများစုမှာ ကျောင်းသားများဖြစ်ကာ ၂၀​​​ကျော်ဒဏ်ရာရခဲ့ပါတယ်။

ကုလယန္တရား(IIMM)ဟာ အဲဒီဖြစ်ရပ်အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်တော်မြို့နယ်စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းများရဲ့ ဓာတ်ပုံဒါမဟုတ် ဗီဒီယိုများ၊ထိခိုက်သူများရဲ့ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစားများရဲ့ အချက်အလက်များ၊ ပါဝင်သူလေယာဥ်မှူးများနဲ့ ပေးအပ်တဲ့ အမိန့်များရဲ့ အချက်အလက်များကို တောင်းခံထားပါတယ်။

အဲဒီအချက်အလက်များကို လက်ဝယ်ရရှိထားပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ဖို့ အသိပေးပါတယ်။

အဲဒီဝမ်းနည်းဖွယ်ရာဖြစ်စဥ်ဟာ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းများကိုဆိုးရွားစွာတိုက်ခိုက်မှုတွေမှာတစ်ခုအပါအဝင်ဖြစ်တယ်လို့ ကုလယန္တရားက ဖော်ပြပါတယ်။

ဒါ့အပြင် အခုတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊ အတင်းအကြပ်နေရပ်မှ ရွှေ့ပြောင်းခံရခြင်းများနဲ့ ငတ်မွတ်ခေါင်းပါးမှုများ ကြုံနေရတဲ့ ရခိုင်ပြည်နယ်ရှိ အရပ်သားလူမျိုးစုများအားလုံးရဲ့ ခံစားရတဲ့ ဒုက္ခများကို ပိုမိုဆိုးရွားစေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးများမှာ လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့သက်ဆိုင်တဲ့ ဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။