စက်တင်ဘာ-၁၈၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်း နဲ့ တနင်္သာရီတိုင်းအတွင်းမှာသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ကြနဲ့ အာဏာရှင်မှန်သမျှတော်လှန်ကြဖို့ လှုံ့ဆော်ဆန္ဒပြမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၈)မှာပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေ ကိုင်ဆောင်ပြီး စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းက “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ”၊ “တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
တနင်္သာရီမြို့နယ်မှာလည်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေ တနေရာမှာ (၁၈) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ နိုင်ငံရေးအသိပညာတွေကို ဗကသများအဖွဲ့ချုပ်မှ ဟောပြောခဲ့ပါတယ်။





















































