Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ လေကြောင်းကင်းထောက်ယာဉ်ငယ်သုံးပြီး ဗုံးကြဲလို့် ဘုန်းကြီးတစ်ပါး ပျံလွန်

မန္တလေးတိုင်း ၊ မြင်းခြံမြို့ မြောက်ပိုင်းက ကျောက်တိုင်ကျေးရွာကို စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စက်တပ် ယာဉ်ငယ် ( Gyrocopter ) သုံးပြီး ဗုံးကြဲတာကြောင့် ဘုန်ကြီးတစ်ပါး ပျံလွန်ပြီး အရပ်သူအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်ထံကသိရပါတယ်။

တရုတ်စစ်တပ်သုံး Gyrocopter အချို့ကိုတွေ့ရပုံ။ ဓာတ်ပုံ - CGTN

စက်တင်ဘာ – ၁၉ ၊၂၀၂၅ ၊ ဆိိုင်းမင်း /People’ Spring

မန္တလေးတိုင်း ၊ မြင်းခြံမြို့ မြောက်ပိုင်းက ကျောက်တိုင်ကျေးရွာကို စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စက်တပ် ယာဉ်ငယ် ( Gyrocopter ) သုံးပြီး ဗုံးကြဲတာကြောင့် ဘုန်ကြီးတစ်ပါး ပျံလွန်ပြီး အရပ်သူအမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်ထံကသိရပါတယ်။

မနေ့ (စက်တင်ဘာလ ၁၈ ရက်) မနက်ပိုင်း ၁၀ နာရီခန့်က ကျောက်တိုင်ရွာ ဗုံးကြဲခံရတာဖြစ်ပြီး ရွာရဲ့အရှေ့ဘက်က ရွှေစေတီ ကျောင်း နဲ့ ရွာတောင်ဘက်က လယ်ကွင်းထဲ ဗုံးကျတာပါ။

အဲဒီတိုက်ခိုက်မှုမှာ ရွှေစေတီကျောင်းက ဘုန်းကြီးတစ်ပါး ပျံလွန်ပြီး တောင်ယာ လုပ်နေတဲ့ ရွာခံအမျိုးသမီးလည်းထိခိုက်ဒဏ်ရာ ရသွားပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကျတာကြောင့် ရွှေစေတီကျောင်းက ဘုန်းကြီးကျောင်းဆောင်လည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

” ရွာမှာကလူသိပ်မရှိတော့ဘူး၊ မဖြစ်မနေ စားဝတ်နေရေးအတွက် လယ်လုပ်မယ့်သူနဲ့ အိမ်စောင့်လောက်ပဲကျန်ခဲ့တာ”လို့ ကျောက်တိုင်ကျေးရွာမှာနေထိုင်တဲ့ ရွာခံအမျိုးသားထံကသိရပါတယ်။

မြင်းခြံ ပ.က.ဖ အဖွဲ့ဝင်ကတော့ Gyrocopter သုံးပြီး တိုက်ခိုက်သွားတာလို့ အသိပေးပါတယ်။

Gyrocopter ဆိုတာကတော့ နှစ်ယောက်စီး လေကြောင်းကင်းထောက်ယာဉ်ငယ်ဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေလို ဒလက်ပါပေမယ့် အတက်အဆင်း အတွက် ပြေးလမ်းတို လို တဲ့ ယာဉ်အမျိုးအစားပါ။

ရဟတ်ယာဉ်လို ပျံသန်းမှု ကုန်ကျစရိတ်မကြီးပဲ စက်တပ်လေထီးထက်လည်း လေပြင်းတိုက်ခတ် တာနဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိတာကြောင့် Gyrocopter တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ အသုံးပြုလာတာပါ။

မြင်းခြံနယ်မှာတော့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ကနေလည်း ပျုစောထီးတွေနဲ့ ပေါင်းပြီး စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။