Connect with us

Hi, what are you looking for?

သတင်း

စွယ်တော်ကားကွင်းမှာ ကားအစီးရေထောင်နဲ့ချီပိတ်နေတာကြောင့် ကားသမားတွေဆန္ဒပြ

မန္တလေးမြို့ ၊စွယ်တော်ကားကြီးကွင်းမှာ ကားအစီး ရေထောင်နဲ့ချီပိတ်မိပြီးတဲ့နောက် ကား သမားတွေဆန္ဒပြမှုထပ်မံဖြစ်ခဲ့တယ်လို့ ကုန်ကား မောင်းသူတွေက ပြောပါတယ်။

မန္တလေးမြို့၊ စွယ်တော်ကားကြီးကွင်းမှာ ကားသမားတွေ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၉၊၂၀၂၅၊မေ/ People’s Spring

မန္တလေးမြို့ ၊စွယ်တော်ကားကြီးကွင်းမှာ ကားအစီး ရေထောင်နဲ့ချီပိတ်မိပြီးတဲ့နောက် ကား သမားတွေဆန္ဒပြမှုထပ်မံဖြစ်ခဲ့တယ်လို့ ကုန်ကား မောင်းသူတွေက ပြောပါတယ်။

ကားလမ်း ကြောအားလုံးပြန်ဖွင့်ချိန်မှာ စွယ်တော်ကားကွင်းမှာ ကားအစီးရေတထောင် ကျော်ပိတ်မိနေပြီး စစ်ဆေးမှုကြန့်ကြာတာ တွေနဲ့ ကြားဖြတ်စစ် ဆေးမှုတွေကို ကန့်ကွက်တဲ့အနေ နဲ့ စက်တင်ဘာလ၁၅ ရက်နေ့က ကားသမား တွေအားလုံး ဟွန်းတီးဆန္ဒထုတ် ဖော်ခဲ့တာလို့ သိရပါတယ်။

“ကားထွက်ဖို့ စာရွက်အရင်ထပ်ရတယ်။စာရွက်သွားထပ်ရင် အဲဒီစာရွက်စစ်ဖို့ကို သူတို့က၁၀ ရက်လောက်ကြာတယ်။အဲတာပြီးမှ ကားတန်းရတာ။အရင်က ကားထွက်ဖို့ ၇ ရက်လောက်ကြာရင်အခုက ၁၅ ရက်လောက်မှ ဒီကွင်းထဲက ကားထွက်ရတာ”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စွယ်တော်ကားကွင်းမှာ ၁၅တန်နဲ့အထက် ကုန်တင်ယာဉ်တွေ အစစ်ဆေးခံဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာပါ။

ယခင်ကလည်း ကားတွေလနဲ့ချီပိတ်မိ နေတာမို့ ကုန်ကားသမားတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါ သေးတယ်။

ရွှေကြက်ယက်(ဇက်ဆိပ်)၊ရတနာပုံတံတား(စစ်ကိုင်းတံတား)ကနေ ဖြတ်သန်းသွားလာမယ့် ၁၅တန်နှင့်အထက် ကုန်တင် ယာဉ်တွေကို ဇူလိုင်လ၂၁ ရက်နေ့ကစတင်က စစ်ဆေး ရေးလုပ်ငန်းအဖွဲ့က ပြည်ကြီးမင်္ဂလာ(စွယ်တော်ကားကြီးကွင်း)မှာ စိစစ်ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

အိမ်စီးကားနဲ့ ကားအသေးတွေကို ရွှေကြပ်ယက်ဇက်ဆိပ်နဲ့ စစ်ကိုင်းတံတားဂိတ်တို့မှာ စစ်ဆေး နေတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။