Connect with us

Hi, what are you looking for?

သတင်း

ပေါင်မြို့နယ်မှာ ရထားနဲ့ ကားတိုက်မိပြီး ယာဉ်မောင်းပျောက်ဆုံးနေ

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။

စက်တင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၀ ရက်) ည ၇နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး ကားပေါ်က ယာဥ် မောင်းပျောက်နေတယ်လို့ ဒေသခံသတင်းရင်းက ဆိုပါတယ်။

“ရထားနဲ့ချိတ်ပါသွားတာ လမ်းနှစ်ပြန်စာ ပေ ၆၀၀ လောက်ရှိတယ်။အဲဒါပြီးတော့ ကားက လမ်းဘေးကို ကျသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုယိုတာ ဟာရီရာ ကားအမျိုးအစား အဖြူရောင်ယာဥ်က ပေါင်မြို့နယ်၊ပေါင်းရပ်ကွက်စည်ပင်ရုံးအနီး ရထားလမ်းကိုဖြတ်ရင်း ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။

“အဲဒီတစ်ဝိုက် လမ်းမီးက ဘာမှမရှိဘူး။ဖြစ်တဲ့အချိန် ဒုန်းဆိုပြီအသံကြားတယ်။ကျန်တာတော့ မသိသေးဘူး”လို့ ပေါင်မြို့ခံတဦးက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ မော်တော်ကားယာဥ်မောင်းကို ကယ်ဆယ်ရေးအဖွဲ့ တွေ့က ရှာဖွေနေဆဲ ဖြစ်ပြီး ရထားကတော့ ပေါင်မြို့ကနေ သထုံမြို့ဘက်ကို ဆက်ပြီးထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်မှာ ရထားနဲ့ ကားတိုက်မိပြီး ယာဉ်မောင်းပျောက်ဆုံးနေ စက်တင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People's…

Posted by People's Spring on Saturday 20 September 2025

ရုပ်သံ − Warazein News Agency paung Daily

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ရထားတိုက်ခံရလို့ ဘူတာရုံက အလုပ်သမား ၄ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

Trending

Facebook