Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်ကောင်စီ ဒရုန်းဗုံးကြဲလို့ သားအဖနှစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးထပ်မံ သေဆုံးခဲ့ရတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က ဖားကန့်ဒေသ ဆိုင်းတောင်၌ စစ်ကောင်စီတပ်ပစ်ခတ်သည့် ဒရုန်းဗုံးအပိုင်းအစတခုအား တွေ့ရစဉ်။ ဓာတ်ပုံ − Naw Tu Awng

စက်တင်ဘာ−၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးထပ်မံ သေဆုံးခဲ့ရတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၂ရက် ညနေပိုင်းမှာ ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ တောင်ယာကုန်းကို စစ်တပ်က ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

” တိုက်ပွဲမရှိဘဲနဲ့ သူတို့က လာပြီးမှ ဒရုန်းဗုံးနဲ့ ကြဲသွားတာ။သားအဖနှစ်ယောက်ရှိတဲ့ တဲပေါ် ကျတာ သားဖနှစ်ယောက်လုံးထိသွားတာပေါ့။ ဆုံးတော့ မဆုံးသေးပေမယ့် ဘယ်သူမှ မကောက်ရဲတဲ့အခါကျတော့ အချိန်ကြာလာတော့သွေးထွက်လွန်ပြီးဆုံးသွားတာ။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ဒရုန်းဟာ ဆိုင်းတောင်ရဲ့ တဖက်ကမ်း ဖားပြင်မှော်ဘက်က တက်လာတာလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဆိုက်တိုက်ဖြစ်ပွားနေတဲ့အခြေအနေမှာ ဒရုန်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ အရပ်သား သေဆုံးထိခိုက်တာတွေ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိပါတယ်။

အာဏာသိမ်းစစ်တပ်က တိုက်ပွဲမရှိတဲ့နေရာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်း၊ လေကြောင်း ဗုံးကြဲတာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။