Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်မှာ အုပ်စုဖွဲ့ ပြီး ဓားနဲ့ ခုတ်တဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင်ကိုဖမ်းမိ

ထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့မှာ ဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ် တစ်ယောက် လက်ပြတ်သွားတဲ့ထိ ဆိုးရွားခဲ့တဲ့ ဓားခုတ်မှု ကျူးလွန်ခဲ့တဲ့ လူငယ် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ကိုးကား ၊ ဓာတ်ပုံ - Chiang Mai News

စက်တင်ဘာ – ၂၂ ၊၂၀၂၅

ထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့မှာ ဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ် တစ်ယောက် လက်ပြတ်သွားတဲ့ထိ ဆိုးရွားခဲ့တဲ့ ဓားခုတ်မှု ကျူးလွန်ခဲ့တဲ့ လူငယ် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၁၆ ရက် ညပိုင်းက ဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတချို့အပါအဝင် တိုင်းယိုင်​ခေါ် ရှမ်း​လူငယ်​တွေရဲ့ဆိုင်ကယ်စီး လူငယ်အုပ်စုဟာ ကျောင်းသားလူငယ် ၂ ယောက်နဲ့ ကျောင်းသူ မိန်းကလေးတို့ကို ဓားနဲ့ လိုက်ခုတ်ခဲ့တာကြောင့် ယောက်ျားလေး နှစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သလို မိန်းကလေးကတော့ လက်တစ်ဖက်ပါ ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ် အပြီးမှာတော့ ရဲတပ်ဖွဲ့ဟာအဲဒီလူငယ်တွေကို အပူတပြင်း ခြေရာခံ ရှာဖွေခဲ့ပြီး စက်တင်ဘာ ၁၇ နဲ့ ၁၈ တို့မှာတော့ မိန်းကလေးကို ဓားနဲ့ ခုတ်ခဲ့သူ စိုင်းအိုက်ခ်မောင် အပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အဲဒီ လူငယ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူ အိုက်ထောကတော့ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဖက်ကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ ချာချိုင်ဆို ပြည်နယ်ထဲက ပလာအန်ယောင် မြို့နယ်ထဲကနေ ကမ္ဘောဒီးယားဖက် ထွက်ပြေးမလို့ ပြင်ဆင်နေတဲ့ အိုက်ထောကို ရဲတွေက ခြေရာခံမိပြီး လက်ရ ဖမ်းဆီးနိုင်ခဲ့တာပါ။

အစောပိုင်းတုန်းက ထိုင်းမီဒီယာတွေရဲ့ ဖော်ပြမှုမှာတော့ စိုင်းအိုက်ခ်မောင်က သူဟာ လူမှားပြီး မိန်းကလေးကို တိုက်ခိုက်ခဲ့မိတာ ဖြစ်ကြောင်းနဲ့ မိန်းကလေးက ခေါင်းစွပ်ဂျာကင် ဝတ်ထားလို့ ယောက်ျားလေးအဖြစ် အထင်မှားခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုထားပါတယ်။

အဖမ်းခံရသူတွေဟာ အပြင်းအထန် နာကျင်စေမှု၊ တရားမဝင် လက်နက်ကိုင်ဆောင် ရမ်းကားမှု အပါအဝင် ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး ပြစ်ဒဏ်တွေ ကျခံရပြီးရင်လည်း ထိုင်းနိုင်ငံကနေ နှင်ထုတ်တာ ခံရမယ်လို့ ထိုင်းရဲတွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။